💓💓chapter-13💓💓

80 3 0
                                    

"ကလင်....ကလင်...ကလင်...ကလင်။"ဆိုတဲ့နှိုးဆတ်သံကြောင့်shineအိမ်မက်ကမ္ဘာထဲကနေနိုးထလာခဲ့တယ်။shineအိပ်ယာထပြီးရေချိုးလိုက်ပြီးshirtအင်္ကျီအဖြူရောင်နှင့်ဂျင်းဘောင်းဘီရှည်ဝတ်လိုက်တော့လူငယ်styleပေါ့ပေါ့ပါးဖြစ်နေတာပေါ့။shineအဝတ်အစားလဲပြီးတော့ဘုရားရှိခိုးတယ်။ဒေါ်သွယ်shineခရီးသွားမယ်ဆိုတော့စောစောထပြီးနံနက်စာပြင်ပေးတယ်။ဒေါ်သွယ်ထလာတော့ဦးကောင်းလည်းနိုးလာတာပေါ့။shineဘုရားရှိခိုးပြီးတော့သူ့အမေပြင်ပေးထားတဲ့ထမင်းကြော်စားတယ်။shineကနံနက်စောစောစားတတ်တဲ့အကျင့်မရှိတာကြောင့်သိပ်လည်းမစားနိုင်ဘူး။အစာရှိအောင်နည်းနည်းပဲစားလိုက်တယ်။
       shineနံနက်စာစားပြီးတော့ဒေါ်သွယ်နှင့်ဦးကောင်းကိုကန်တော့တယ်။ဒေါသွယ်နှင့်ဦးကောင််းshineကိုလမ်းခရီးအန္တာရယ်ကင်းအောင်ဆုပေးလိုက်တယ်။ပြီးတော့ကားကိုလည်းဂရုစိုက်မောင်းဖို့မှာတယ်။shineသူ့မိဘတွေကိုကားသေချာဂရုစိုက်မောင်းမယ်စိတ်မပူအောင်လို့ပြောလိုက်တယ်။shineသူ့မိဘတွေကိုနှုတ်ဆတ်ပြီးmayတို့အိမ်ထွက်လာတယ်။maryတို့အိမ်ရောက်တော့ဘဲလ်တီးလိုက်တော့maryတို့မိသားစု၃ယောက်ထွက်လာတယ်။shinemaryကိုခရီးဆောင်အိတ်ကူသယ်ပေးလိုက်ပြီးကားထဲထည့်လိုက်တယ်။ဒေါ်သီတာနှင့်ဦးသန်းအောင်ကmaryကိိုဂရုစိုက်ပေးဖို့shineကိုမှာတယ်။shineလည်းmaryကိုသေချာဂရုစိုက်ပေးမယ်လို့ကတိပေးလိုက်တယ်။
      ဒေါ်သီတာကိုနှုတ်ဆတ်ပြီးတော့shineတို့ပုဂံကိုခရီးစထွက်လာတယ်။maryကတော့အိပ်ချင်သေးတာကြောင့်shineကိုခွင့်တောင်းပြီးအိပ်လိုက်တယ်။shineကတော့နေမထွက်သေးလို့ကားကိုသေချာဂရုစိုက်မောင်းတယ်။နံနက်၇နာရီခွဲလောက်ကျတော့shinemaryဗိုက်ဆာမှာဆိုးလို့လက်ဖက်ဆိုင်တခုမှာရပ်လိုက်တယ်။maryကတော့အခုထိမနိုးသေးဘူး။shineကလေးတယောက်လိုအိပ်ပျော်နေတဲ့maryကြည့်ပြီးသဘောကျနေတယ်။shineလည်းmaryကို
breakfastစားဖို့နိုးလိုက်တယ်။maryလည်းshineအသံကြောင့်နိုးလာတယ်။maryနိုးလာတော့breakfastသွားစားကြတယ်။maryကတော့နန်းကြီးသုတ်နှင့်လက်ရည်တခွက်မှာလိုက်တယ်။shineကမုန့်ဟင်းခါးနှင့်ကော်ဖီပလိန်းတခွက်မှာလိုက်တယ်။
mary"ကိုshineဘယ်နှနာရီရှိသွားပြီလဲ။"
shine"၇နာရီခွဲကျော်နေပြီလေ။"
mary"အဲ့လောက်တောင်ရှိသွားပြီလား။maryတော်တော်အိပ်ပျော်သွားတာပဲ။"
shine"အိပ်ပါmaryရဲ့။အိပ်ရေးဝအောင်အိပ်မှအားရှိမှာပေါ့။"
mary"maryကအိပ်ရေးသိပ်မပျက်ပါဘူး။ကိုshineကအိပ်ရေးပျက်တဲ့သူပါ။ကိုshineအိပ်ရေးမဝရင်ကားပေါ်မှာခဏလောက်အိပ်လိုက်ပါလား။"
shine"အခုတော့မအိပ်ချင်သေးပါဘူး။အိပ်ချင်လာမှကားရပ်ပြီးအိပ်လိုက်မယ်။"
     shineနှင့်maryစကားပြောနေတုန်းwaiterကောင်လေးကစားစရာလာချပေးတာကြောင့်breakfastစားလိုက်တယ်။breakfastစားပြီးသွားလို့shineတို့ပုဂံကိုခရီးဆက်လာခဲ့တယ်။ခရီးတလျှောက်maryက     shineကိုအဖော်လုပ်ပြီးစကားပြောပေးတယ်။shineတို့ပုဂံကို၄နာရီခွဲလောက်ရောက်တယ်။ဘိုကင်လုပ်ထားတဲ့hotelရောက်တော့shineကကောင်တာမှာသော့ယူပြီးဧည်ကြိုကောင်လေးကိုအခန်းထဲကိုပစ္စည်းတွေရွေ့ခိုင်းလိုက်တယ်။shineကတော့maryကိုနှုတ်ဆတ်ပြီးအခန်းထဲဝင်သွားတယ်။အခန်းထဲရောက်တာနှင့်အင်္ကျီတောင်မလဲတော့အိပ်ယာထဲလှဲလိုက်ပြီးတခါထဲတန်းအိပ်လိုက်တော့တယ်။
      maryကတော့ရေချိုးပြီးတော့သူ့ရဲ့မိဘတွေဆီပုဂံရောက်ပြီဖြစ်ကြောင်းဖုန်းဆက်ပြီးပြောလိုက်တယ်။maryသူ့ရဲ့မိဘတွေကိုဖုန်းဆက်ပြီးတော့ပျင်းနေတာနှင့်hotelကwifiဖွင့်ပြီးfbသုံးလိုက််တယ်။fbမှာသံဇဥ်နှင့်ဘုန်းမြတ်honey moonခရီးထွက်မှာရိုက်ထားတဲ့ပုံတွေတင်ထားတာတွေ့ရတယ်။maryပုံတွေကနေတဆင့်သံဇဥ်ဘယ်လောက်ပျော်နေလဲဆိုတာခန့်မှန်းကြည့်လို့ရတယ်။maryသံဇဥ်ပုံတွေကိုlove reactပေးလိုက်တယ်။ပြီးတော့marymessengerကနေသံဇဥ်ကိုစကားသွားပြောတယ်။သူငယ်ချင်းနှစ်ယောက်၉နာရီအထိလိုင်းပေါ်မှာစကားတွေပြောနေကြတယ်။၉နာရီကျော်တော့maryခရီးပန်းလာတာကြောင့်သံဇဥ်ကိုနှုတ်ဆတ်ပြီးအိပ်ယာဝင်လိုက်တယ်။
      shineညကစောစောအိပ်လိုက်တာကြောင့်အိပ်ရေးဝသွားတာကြောင့်နံနက်၇နာရီလောက်အိပ်ယာကနိုးလာတယ်။shineမျက်နှာသစ်သွားတိုက်ပြီးmaryကိုအပြင်သွားဖို့ပြင်ဆင်စရာရှိတာပြင်ဆင်ရအောင်သွားနှိုးတယ်။shinemaryအခန်းတံခါးကိုသွားခေါက်တော့maryကအိပ်ချင်မူးတူးနှင့်တံခါးလာဖွင့်ပေးတယ်။
shine"mary၊ကျွန်တော်တို့ခဏနေရင်breakfastအပြင်မှာသွားစားကြမယ်။maryအဆင်သင့်လုပ်ထားလိုက်နော်။"
mary"ဟုတ်ကဲ့။maryအဆင်သင့်လုပ်ထားလိုက်မယ်။"
shine"breakfastစားပြီးရင်ဆိုက်ထဲကိုတခါတည်းတန်းသွားလိုက်မယ်နော်။maryလိုအပ်တာလေးတွေလည်းယူခဲ့နော်။"
mary"ဟုတ်ကဲ့။"
shine"ကျွန်တော်maryကိုကားထဲကနေပဲစောင့်နေမယ်နော်။"
mary"ဟုတ်ကဲ့။အဲ့တာဆိုmaryအဝတ်အစားလဲပြီးတာနှင့်လာခဲ့မယ်နော်။"
shinemaryကိုပြောစရာရှိတာပြောပြီးတော့အခန်းထဲပြန်ပြီးအပြင်သွားဖို့ရေချိုးပြီးအဝတ်အစားလဲလိုက်တယ်။ပြီးတော့maryကိုကားပေါ်မှာစောင့်နေတယ်။maryလည်းမျက်နှာသစ်သွားတိုက်ပြီးရေချိုးလိုက်တယ်။ပြီးတော့ဒူးအထိရှည်တဲ့ပန်းရောင်ဂါဝန်လေးဝတ်လိုက်တယ်။နောက်တော့အလုပ်အတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေကိုဖိုင်တခုထဲစုထည့်ပြီးshineဆီထွက်လာတယ်။maryရောက်လာတော့shinebreakfastစားဖို့လက်ဖက်ရည်ဆိုင်တခုကိုမောင်းလိုက်တယ်။breakfastစားပြီးသွားမှဆိုက်ထဲသွားတယ်။
     ဆိုက်ထဲရောက်တော့shineအလုပ်သမားခေါင်းဆောင်ကိုသူလိုချင်တဲ့ပုံစံပြောတယ်။ပြီးတော့သုံးတဲ့ပစ္စည်းတွေလည်းလိုက်စစ်တယ်။maryကတော့ဝယ်ထားတဲ့ပစ္စည်းနှင့်စာရင်းကိုက်ရဲ့လားလို့စာရင်းပြန်စစ်တယ်။shineနှင့်maryကိုယ့်တာဝန်ကိုလုပ်နေရင်းအချိန်တွေဘယ်လိုကုန်သွားလဲမသိတော့လိုက်ဘူး။shineလည်းအလုပ်တွေပြီးသွားတော့မှနာရီကြည့်လိုက်တာ၁နာရီတောင်ခွဲနေပြီ။ထမင်းစားချိန်ကျော်နေပြီမို့maryကိုအားနာသွားတယ်။maryကိုခေါ်ပြီးစားသောက်ဆိုင်တခုမှာထမင်းသွားစားကြတယ်။ထမင်းစားနေရင်းshineကmaryကိုထမင်းစားချိန်နောက်ကျစေတဲ့အတွက်တောင်းပန်လိုက်တယ်။
shine"mary၊ကျွန်တော့်ကြောင့်ထမင်းစားချိန်နောက်ကျတဲ့အတွက်တောင်းပန်ပါတယ်။ကျွန်တော်ကလည်းအလုပ်မှာဈာန်ဝင်သွားရင်ထမင်းစားချိန်ကအဲ့လိုပဲအမြဲကျော်ကျော်သွားတယ်။"
mary"ရပါတယ်ကိုshineရဲ့။maryလည်းနံနက်တုန်းကbreakfastအဝစားထားလို့ဗိုက်အရမ်းမဆာဘူး။ကိုshineလည်းအလုပ်ဘယ်လောက်အရေးကြီးကြီထမင်းတော့မှန်အောင်စားသင့်တယ်။ကြာလာရင်ကျန်းမာရေးထိခိုက်လိမ့်မယ်။"
shine"ဟုတ်တယ်။ကျွန်တော်လည်းအဲ့အကျင့်ကိုကြိုးစားပြီးပြင်ရမယ်။"
shineလည်းmaryပြောသလိုမျိုးအဲ့ဒီအကျင့်ကိုကြိုးစားပြီးပြင်ရမယ်လို့တွေးလိုက်တယ်။

chapter-14coming soon.

မနှင့်ပြန်ဆုံ​တွေ့ခြင်းWhere stories live. Discover now