💓💓chapter-11💓💓

82 3 0
                                    

သံဇဥ်နှင့်ဘုန်းမြတ်တို့ကဒီနေ့wedding dressသွားရွေးမှာဆိုတော့shineနှင့်maryကိုလည်းဖုန်းဆက်ပြီးwedding dressရောင်းတဲ့ဆိုင်ကိုချိန်းလိုက်တယ်။သံဇဥ်နှင့်ဘုန်းမြတ်ကmaryနှင့်shineကိုနီးစပ်စေချင်တာကြောင့်shineကိုmaryကိုသွားခေါ်ခိုင်းလိုက်တယ်။
အဲ့တာနှင့်shinemaryကိုသွားခေါ်တယ်။shineကmaryတို့အိမ်ခဏခဏလာလည်တော့shineကmaryအပြင်maryမိဘတွေနှင့်တောင်တော်ရင်းနှီးနေပြီ။maryနှင့်shineလည်းဦးသန်းအောင်တို့ကိုနှုတ်ဆတ်ပြီးသံဇဥ်တို့နှင့်ချိန်းထားတဲ့နေရာကိုသွားတယ်။maryတို့ဆိုင်ရောက်တော့shineနှင့်ဘုန်းမြတ်ကထိုင်ခုံကနေပဲထိုင်စကားပြောရင်းစောင့်တယ်။သံဇဥ်နှင့်maryကတော့wedding dressတွေလိုက်ကြည့်နေတယ်။
marywedding dressတခုကိုကြည့်ပြီးသဘောကျနေတယ်။mary"wow၊ဒီဂါဝန်လေးကလှလိုက်တာ။ငါမင်္ဂလာဆောင်ရင်ဒီဂါဝန်လေးဝတ်ရရင်ဘယ်လောက်ကောင်းမလဲ။"လို့စိတ်ထဲကနေတွေးလိုက်တယ်။maryအဲ့ဒီဂါဝန်ကိုကြိုက်လွန်းလို့ခဏခဏလှည့်ကြည့်​​နေမိတယ်။သံဇဥ်နှင့်ဘုန်းမြတ်တို့ကwedding dressဝယ်ပြီးသွားတော့မင်္ဂလာဓာတ်ပုံရိုက်တယ်။shineကတော့ဘုန်းမြတ်ကိုအားကျနေတာပေါ့။သူလည်းmaryကိုအချိန်မဆွဲတော့ဘဲအမြန်ဖွင့်ပြောရမယ်လို့စိတ်ကူးလိုက်တယ်။နောက်တော့သံဇဥ်ကmaryနှင့်shineကိုမင်္ဂလာပွဲမှာဝတ်မဲ့ဝတ်စုံတွေဝတ်ကြည့်ခိုင်းတယ်။maryကတော့ခဲရောင်ဂါဝန်လေးနှင့်လှနေပြီးshineကလည်းအနက်ရောင်ဝတ်စုံနှင့်smartကျနေတာပေါ့။maryလည်းshineကိုကြည့်ပြီး"ငါရဲ့သူဌေးကတော့ဘာဝတ်ဝတ်တကယ်ကိုခန့်ညားနေတာပဲ။ ceoမလုပ်ဘဲရုပ်ရှင်မင်းသားလုပ်ရမှာ။"လို့maryတွေးလိုက်တယ်။
သံဇဥ်နှင့်ဘုန်းမြတ်ကmaryတို့နှစ်ယောက်ကိုဓာတ်ရုံအတင်းရိုက်ခိုင်းနေတာကြောင့်coupleဓာတ်ပုံရိုက်လိုက်တယ်။ဓာတ်ပုံရိုက်မဲ့နေရာမှာmaryကဒေါင့်ဖိနပ်ဝတ်လေ့သိပ်မရှိတာကြောင့်ခြေချော်ပြီးအနောက်ကိုလဲမလိုဖြစ်သွားတယ်။shineကလည်းmaryလဲသွားမှာဆိုးလို့ဖမ်းလိုက်တာmaryကို့ပွေ့ချီလိုက်သလိုဖြစ်ထားတယ်။ဓာတ်ပုံဆရာလည်းအဲ့ပုံစံကromanticဆန်တာကြောင့်shineကိုmaryကိုဆက်ပွေ့ချီခိုင်းပြီးအဲ့အတိုင်းဘဲဓာတ်ပုံရိုက်လိုက်တယ်။ဘုန်းမြတ်နှင့်သံဇဥ်ကတော့သူ့တို့နှစ်ယောက်ကိုကြည့်ပြီးသဘောကျနေတယ်။သူတို့နှစ်ယောက်သာတကယ့်coupleဖြစ်ရင်ဘယ်ကောင်းမလဲလို့ပြောနေကြတယ်။maryနှင့်shineက​တော့ဓါတ်ပုံရိုက်​နေရင်းရန်ခုန်သံ​တွေမြန်​နေတာ​ပေါ့။
ဘုန်းမြတ်"ဓါတ်ပုံလည်းရိုက်ပြီးသွားပြီဆို​တော့ကျွန်​တော်တို့jewelဆိုင်မှာပစ္စည်း​လေး​တွေအပ်ထားလို့သွားယူရအုန်းမယ်။အကို​နှင့်maryရောလိုက်အုန်းမလား။"
shine"မလိုက်​တော့ပါဘူး။မင်းတို့ပဲသွားကြ​​တော့။ငါ၀င်စရာ​လေးရှိလို့။"
သံဇဥ်"ကိုshineကဘယ်သွားမလို့လဲ။"
shine"ဘုရားသွားမလို့ပါ။ပြီးရင်​တော့အိမ်ပြန်မှာ​ပေါ့။"
သံဇဥ်"အဲ့ဒါဆိုmaryကိုပါ​ခေါ်သွားလိုက်ပါလား။သူတ​ယောက်တည်းပြန်​နေရမှာဆိုးလို့။"
mary"သံဇဥ်ကလည်း၊ငါ့ဘာသာပဲပြန်လိုက်​တော့မယ်။သူ​ဌေးလည်းသူဘာသာသူလွတ်လွတ်လပ်လပ်သွားချင်မှာပေါ့။"
shine"ကျွန်တော်ကရပါတယ်။maryလိုက်ချင်လည်းလိုက်ခဲ့လေ။တယောက်တည်းသွားတာထက်စာရင်အဖော်နှင့်သွားတာပိုကောင်းတာပေါ့။"
သံဇဥ်"ဟုတ်သားပဲmaryကလည်း။နင်တို့နှစ်ယောက်ဘုရားဖူးပြီးမှအိမ်ပြန်ပေါ့။လမ်းလည်းကြုံနေတာပဲကို။"
mary"အဲ့တာဆိုသူဌေးကိုအားမနာတော့ဘူးနော်။"
shine"ကောင်းပါပြီဗျာ။အဲ့တာဆိုသွားရအောင်လေ။ဘုန်းမြတ်နှင့်သံဇဥ်သွားပြီနော်။"
ဘုန်းမြတ်"ဟုတ်ကဲ့။"
သံဇဥ်"ဟုတ်ကဲ့။"
maryကသံဇဥ်ကိုလက်ပြနှုတ်ဆတ်ပြီးshineနောက်လိုက်သွားတယ်။ကားပေါ်မှာshineကပုဂံအလုပ်ကိစ္စနှင့်ခရီးသွားရမယ်လို့ပြောတယ်။
shine"ပုဂံကconstructionတောင်စနေပြီလို့ဖုန်းဆက်တယ်။အဲတာအလုပ်သမားတွေကိုကြီးကြပ်ပုဂံကိုခရီးထွက်ရမယ်။အဲ့တာmaryရောကျွန်တော်နှင့်ပုဂံကိုလိုက်ခဲ့မလား။"
mary"သူဌေးကလည်းလိုက်မှာပေါ့။maryကပုဂံကိုမရောက်ဘူးသေးဘူး။ပုဂံသွားရတော့မယ်ဆိုတော့ပျော်လိုက်တာ။"
maryဝမ်းသာလို့သွားထက်လေးပေါ်အောင်ထိပြုံးလိုက်တယ်။shinemaryရဲ့အပြုံးကြောင့်ရင်တွေခုန်လာတယ်။shinemaryကိုကြွေတာဘယ်နှခါမှန်းတောင်မသိတော့ဘူး။
mary"အဲ့၊ဒါနှင့်သူဌေးခရီးကဘယ်တော့သွားရမှာလဲ။သံဇဥ်တို့မင်္ဂလာဆောင်ပြီးမှလား။"
shine"ဟုတ်တယ်။သံဇဥ်တို့မင်္ဂလာပွဲပြီးနောက်တရက်မှသွားမယ်။"
mary"တော်သေးတာပေါ့။သံဇဥ်မင်္ဂလာဆောင်နှင့်တိုက်နေရင်လိုက်လို့မရဘူး။"
shine"ကျွန်တော်လည်းမင်္ဂလာပွဲပြီးမှသွားလို့ရမှာ။မင်္ဂလာပွဲမသွားရင်ဘုန်းမြတ်စိတ်မကောင်းဖြစ်နေမှာပေါ့။ပြီးတော့ကျွန်တော့်မှာလည်းမောင်နှမဆိုလို့သူပဲရှိတာလေ။"
mary"maryလည်းသူဌေးနှင့်အတူတူပါပဲ။သံဇဥ်နှင့်ကငယ်ငယ်ကတည်းကပေါင်းလာတော့ညီအမတွေလိုဖြစ်နေကြတာ။အဲ့တော့သူ့မင်္ဂလာပွဲမှာmaryမရှိရင်စိတ်မကောင်းဖြစ်နေမှာ။"
shine"maryနှင့်သံဇဥ်ကိုအားကျတယ်။ကျွန်တော်ဆိုငယ်ငယ်တုန်းကအဖော်မရှိဘူး။တယောက်တည်းဖြစ်နေတာ။"
mary"ဘာဖြစ်လို့တယောက်တည်းဖြစ်နေတာလဲ။ကိုဘုန်းမြတ်ရှိတယ်မဟုတ်ဘူးလား။"
shine"ဘုန်းမြတ်တို့ကကျွန်တော်ငယ်ငယ်တုန်းကနိုင်ငံခြားမှာလေ။ဘုန်းမြတ်၆နှစ်လောက်မှမြန်မာနိုင်ငံပြန်လာတာ။ပြန်ရောက်တော့လည်းအိမ်ကဝေးတယ််တော့၁လကိုနှစ်ခေါက်သုံးခေါက်လောက်ပဲလာလည်တယ်။ကျွန်တော်ငယ်ငယ်တုန်းကဆိုရင်ကျွန်တော်နှင့်ဆော့မဲ့ညီလေးတယောက်ကိုအရမ်းလိုချင်တာ။"
mary"အော်၊အဲ့တာဆိုသူဌေးကငယ်ဘဝကိုတယောက်တည်းဖြတ်သန်းခဲ့ရတာပေါ့။maryနှင့်သံဇဥ်ကအိမ်ချင်းနီးတော့သံဇဥ်ကmaryအိမ်လာဆော့လိုက်၊သံဇဥ်အိမ်ကိုသွားဆော့လိုက်နှင့်အရမ်းပျော်ဖို့ကောင်းတာ။"
     maryshineကိုသံဇဥ်နှင့်သူမဖြတ်သန်းခဲ့တဲ့ငယ်ဘဝကိုပြောပြတယ်။shineကတော့maryရဲ့ငယ်ဘဝကိုသိရတဲ့အတွက်ဝမ်းသာနေတယ်။သူလည်းငယ်ဘဝကိုmaryလိုမျိုးဖြတ်သန်းရရင်ဘယ်လောက်ကောင်းမလဲလို့တွေးနေတယ်။shineရဲ့အိမ်မက်ကသူ့အဖေလိုအင်ဂျင်နီယာဖြစ်ချင်တဲ့အတွက်စာကြိုးစားရင်းသူရဲ့ငယ်ဘဝကစာအုပ်တွေကြားမှာပဲနစ်မြှစ်ခဲ့တယ်။shineတို့ရွှေတိဂုံဘုရားပေါ်ရောက်တော့ဘုရားကိုပန်းကပ်ပြီးဘုရားရှိခိုးတယ်။ဘုရားရှိခိုးပြီးတော့ကိိုယ့်နေ့နံဆီမှာဘုရားကိုရေသပ္ပာယ်တယ်။ပြီးတော့ဘုရားတပတ်ပတ်ပြီးရင်ပြင်မှာထိုင်ပြီးစကားပြောကြတယ်။ဘုရားမှာတနာရီလောက်နေပြီးတော့maryကိုအိမ်လိုက်ပို့တယ်။shinemaryအိမ်ထဲဝင်သွားတာကြည့်ပြီးမှအိမ်ပြန်လာတယ်။shinemaeyနှင့်နှစ်ယောက်တည်းခရီးထွက်ရတော့မှာတော့ပြောမပြတတ်အော်ပျော်နေတာပေါ့။

chapter-12coming soon.

မနှင့်ပြန်ဆုံ​တွေ့ခြင်းWhere stories live. Discover now