Zawgyi code
"ကလေးလေး ဘယ်သွားချင်လဲ ဘာစားချင်လဲ ကိုယ့်ကိုပြော"
"ဘယ်မှလဲသွားချင်ဘူး…ဘာမှလဲမစားချင်ဘူး…ဦးနဲ့ဘဲနေချင်တာ"
"ချွဲပြန်ပြီကွာ…ကလေးကြောင့်ကိုယ်ရူးတော့မယ်သိလား"
"ရူးတော့မရူးပါနဲ့ဦးရယ်…ခိခိ"
*ဦးကကလေးအဖေဖြစ်ဖို့အတွက်အမျိုးသမီးတစ်ယောက်ရဲ့အိမ်ထောင်ဦးစီးဖြစ်ဖို့ပိုပြီးသင့်တော်တယ်ထင်ပါရဲ့ကွာ…*
ဦးရဲ့အတွေးတွေကိုမသိတဲ့ဖြူကတော့မပူသေးတဲ့ဗိုက်ကလေးကိုဘဲ စိတ်ဝင်တစားကြည့်နေလေရဲ့…။
"ဦး…"
"ဗျာ…"
"သားလေးလိုချင်လား သမီးလေးလိုချင်လားဟင်"
ကလေးဆန်ဆန်မေးခွန်းမျိုးမို့မင်းဧကရာဇ်ပြုံးမိသေး၏။ ကလေးတစ်ယောက်ကို ကလေးပြန်မွေးခိုင်းမိတဲ့ မင်းဧကရာဇ်ကတော့ မှားလေမလားလို့လဲတွေးမိပြန်တယ်။
"သားလေးရရင်ကောင်းတာပေါ့ သမီးလေးဆိုရင်
ကိုယ်အဆင်မပြေဘူး""ဘာလို့လဲဟင်…ဦး"
"ဘဝတစ်လျှောက်လုံးမှာ အမျိုးသမီးဆိုလို့ ဟောဒီက ပိုးဥဖြူလေးကိုဘဲ ချစ်နေချင်တာမို့လို့ နောက်ထပ် ဘယ်မိန်းကလေးကိုမှ မချစ်ချင်လို့ပါဗျာ"
"ဦးကတော့လေ…"
မင်းဧကရာဇ်ကတကယ်တော့သမီးရှင်ဖြစ်ရမှာကြောက်မိတာပါ။ သူ့လိုယောက်ျားမျိုးသာရှိနှင့်ရင် သူ့သမီးကလဲ မိဘရင်ကိုစုံကန်ဦးတော့မယ်လေ။
"ဦး…"
"ဗျာ…"
"ဗိုက်ဆာတယ်"
"ဟုတ်ပြီဗျာ ကလေးလေးဘာစားချင်လဲသာပြော"
"ဟမ်ဘာဂါရယ် နို့အေးရယ် စားချင်တာ"
ဗိုက်ဆာရင်မျက်နှာလေးမဲ့ပြီးမျက်ရည်ဝဲတတ်တဲ့ကလေးလေးကြောင့်အနီးအနားမှာရှိတဲ့ဆိုင်ကောင်းကောင်းတစ်ခုဆီသွားခိုင်းလိုက်ရတယ်။
"မင်းထက်နိုင်…စားသောက်ဆိုင်ကောင်းကောင်းတစ်ခုရှာပြီးရပ်ကွာ ငါ့မိန်းမ ဗိုက်ဆာပြီတဲ့"