Part 18

264 7 0
                                    

Zawgyi code

ဒီမနက်တော့ဦးကအရေးကြီးကိစ္စရှိတာမို့အပြင်သွားရမယ်ဟူ၍ညတည်းကကြိုပြောထားပြီး သူမပြန်လာမချင်းအခန်းထဲမှာဘဲနေဖို့ကိုလည်းမှာခဲ့သေးတယ်။ ဒါပေမဲ့ ပိုးဥဖြူဆိုတဲ့ကျွန်မကဦးမရှိရင် မျောက်သစ်ကိုင်းလွတ်သလိုဖြစ်နေတတ်တယ်။

အခုလဲအခန်းထောင့်နားကမုန့်တွေထည့်ထားတဲ့ဗီရိုကြီးကိုဖွင့်လိုက် မုန့်တစ်ထုပ်ယူလိုက်ဖောက်စားလိုက်နဲ့စိတ်သက်သာရာမရသေးပေ...။

*လွမ်းလိုက်တာ...ဟင့်*

လွမ်းစိတ်ကပိုပိုပြီး ကြီးစိုးလာတော့ ဖြူငိုမိတယ်နာရီအတော်ကြာငိုပြီးတော့ဖြူအိပ်ပျော်သွားတယ်။ကားရပ်သံကြားမှ ဖြူအိပ်ရာနိုးတယ် ဒါနဲ့ လှဲနေရာကထပြီး လိုက်ကာကိုဖယ်လိုက်ကာ ခြံဝသို့ကြည့်လိုက်၏။ ဖြူမြင်ရသည်က ဦးကိုပင်...သိုပေမဲ့ တစ်ယောက်တည်းတော့မဟုတ်ပေ ဦးနဲ့ဆိုရင် ရွယ်တူလောက်ရှိမဲ့ အမျိုးသမီးတစ်ဦးပါလာသည်။

ဖြူမသိချင်ယောင်ဆောင်လိုက်ရင်းအိပ်ရာပေါ်ပြန်လှဲလိုက်တယ်။ ဒီတစ်ကြိမ်တော့ ဖြူဟာ နံရံကိုသာမျက်နှာမူရင်း တံခါးဘက်က ဦးရဲ့လာလမ်းကိုတော့ ဖြူကကျောခိုင်းရင်းသာ…။

"ကို..."

ဖြူ့နားထဲကြားလိုက်တဲ့ခပ်ယဲ့ယဲ့ခေါ်သံကြောင့်ဖြူ့ရင်ထဲအသည်းထဲမှာ တင်းကျပ်သွားရင်း ဖြူဟာ အသက်ရှူရပ်တော့မတတ်…။

"မင်း...မင်းဒီလောက်ထိလိုက်လာဖို့မသင့်ဘူး ဧည့်သည်ဆိုတာ ဧည့်သည်လိုနေရမယ်...မင်း လူ့ကျင့်ဝတ်တော့သိပေါ့"

ဦးရဲ့ဟန့်တားသံကြားတော့ဖြူဟာ ဟင်းခနဲနေအောင်အသက်ရှုချလိုက်မိ၏။ ဦးဟာလူကြီးတစ်ယောက်မို့ ဒီလောက်တော့ဖြူ ယုံကြည်ထားလို့ရနိုင်လိမ့်မယ်။

ပုံမှန်အားဖြင့်အပြင်ကအသံကိုမကြားရလောက်အောင်အသံလုံတဲ့အခန်းက ဒီနေ့ ဖြူ့ရဲ့ အာရုံစူးစိုက်နေမှုကြောင့်လားတော့မသိ စကားသံကို ပြတ်သားစွာ ကြားနေရသည်။

မင်းဧကရာဇ် အခန်းထဲဝင်လာတော့မြင်ရတာက ကျောပေးပြီးအိပ်နေတဲ့ကလေးမလေးကိုဖြစ်သည်။ စိတ်ရှုပ်နေသည့်မင်းဧကရာဇ်အတွက်တော့ အရာအားလုံးငြိမ်းအေးသွားစေသည်က ဒီမြင်ကွင်းလေးပါဘဲ။

AccidentWhere stories live. Discover now