Part-4

472 65 3
                                    

ဆော့ဂျင် ရီဝေနေတဲ့ခေါင်းနဲ့ ကျိန်းစပ်နေတဲ့မျက်လုံးတွေကိုအားယူပြီးဖွင့်လိုက်သောအခါ သူနှင့်စိမ်းသက်နေသောပတ်၀န်းကျင်ကိုတွေ့လိုက်ရသည်။

စားပွဲပေါ်မှ ရေနံဆီမီးအိမ်ကြောင့်တစ်ခန်းလုံးတွင်တစ်၀က်သာအလင်းရသည်။သူ​မြင်သလောက်တော့ ရေနံဆီအ၀သုတ်ထားတဲ့ကျွန်းသားမျက်နှာကျက်ရယ်
သူအခုလှဲနေတဲ့သစ်သားကုတင်အကျယ်ကြီးရယ်။

သေချာတာကတော့ သူနိုးလာတာနဲ့အလင်းရောင်အပြည့်ရနေသည့်သူအခန်းမဟုတ်။ပြီးတော့အ၀တ်အစားတွေရော။

ထိုးကိုက်လာတဲ့ခေါင်းကိုလက်နဲ့ဖိထားတုန်းအတွေးထဲဖျက်ကနဲ၀င်တဲ့မနေ့ညကအဖြစ်အပျက်တွေ။ပြီးတော့...

မေမေ!

မိခင်ဖြစ်သူကိုစိတ်ပူစွာနဲ့ဖျက်ကနဲထလိုက်တော့ခေါင်းတစ်လုံးချာချာလည်အောင်မူးနောက်သွားသည်။

"ဖြေးဖြေးထမှပေါ့....မလောပါနဲ့ "

ရေနံဆီမီးအိမ်၏အလင်းရောင်မရသည့်အခြမ်းမှထွက်လာသောအသံ။

လူရုပ်ကိုသဲကွဲစွာမမြင်ရပေမယ့် ဒီအသံဟာဘယ်သူမှန်းဆော့ဂျင်ကောင်းကောင်းကြီးသိလိုက်သည်။ဘယ်သူများရှိအုံးမှာလဲ ဟိုမိစ္ဆာကောင်အယုတ်တမာဓားပြပဲ။

ပက်လက်ကုလားထိုင်ပေါ်မှာအကျအနထိုင်ပြီးဆေးလိပ်ကိုပါးစပ်ထဲခဲထားတာများ မုန်းစရာကောင်းလိုက်တာ။

နောက်ပြီး ထိုသူကဆေးလိပ်တိုကိုနင်းခြေရင်းသူ့နားရောက်လာသည်။

"ခေါင်းမူးနေသေးလား"

"............"

အတန်ကြာသည်အထိ ဂျောင်ကုကဆော့ဂျင်၏အဖြေကိုစောင့်နေပေမယ့်ဆော့ဂျင်ကပြန်မဖြေ။

သူ့ကိုတစ်စက်ကလေးမှအဖတ်မလုပ်သည့်ဟန်ဖြင့်မျက်နှာလွဲထားသည်။

"ဆော့ဂျင်!ငါမေးနေတယ်လေ"

"မင်းသောက်လုပ်လား"

ရာရာစစ ငါ့ကိုများ အမိန့်လာပေးတယ်တဲ့လား....

"မင်းငါ့ကိုအဲ့လိုလေသံနဲ့လာမပြောနဲ့
အဲ့လိုအမိန့်တွေကိုမင်းရဲ့နောက်လိုက်ခွေးလိုကောင်တွေပဲနာခံလိမ့်မယ်။ငါ့ကိုတော့ဘယ်တော့မှအမိန့်ပေးလို့ရမယ်မထင်နဲ့"

RobberWhere stories live. Discover now