1950 နို၀င်ဘာလ11ရက်။
၀န်ကြီးချုပ်အိမ်ကိုဓားပြတိုက်ပြီးကတည်းကဆော့ဂျင်ဆိုတဲ့ရောဂါလေး
ဂျောင်ကုအသည်းမှာစွဲလာရသည်။ကြမ်းပေ့ရမ်းပေ့လူဆိုး၊လူမိုက်ကြီးဖြစ်သော်ငြား ဆော့ဂျင်တည်းဟူသောကိလေသာလက်နက်လေးကိုတော့ဂျောင်ကုခမျာ မနိုင်ရှာ။
မနေနိုင်လွန်းလို့ယယ်ဂျင်းကိုဆော့ဂျင်အကြောင်းမေးတော့ ဆော့ဂျင်ကသူ့အစ်ကို၀မ်းကွဲဖြစ်ကြောင်းနှင့်ရှေ့နေတစ်ယောက်ဖြစ်ကြောင်းပြောပြသည်။နောက်ပြီး ဆော့ဂျင်ကသူတို့နဲ့အတူနေတာမဟုတ်ပဲ ဂွာချောမှာသူ့အမေနှင့်အတူနေကြောင်း၊အဲ့နေ့ကသူတို့အိမ်လာလည်ရင်းနဲ့ဂျောင်ကုတို့နဲ့တွေ့တာဖြစ်ကြောင်းပါသိခဲ့ရသည်။
တစ်ခါမျှသာတွေ့ခဲ့ဖူးသောမျက်နှာလေးကို
ထပ်မံတွေ့ချင်စိတ်တွေဟာစိုးမိုးနေသည်။
မအိပ်၊မစားနိုင်နှင့်မည်သူမှမကယ်နိုင်တဲ့
အဆုံး လွမ်းရက်တွေကိုဖြေဖို့ရာချစ်သည်း
ရှိရာဂွာချောသို့လိုက်လာမှပဲဖြစ်တော့မည်။༄ ༄ ༄ ༄ ༄
ယယ်ဂျင်းလိပ်စာပေးသည့်အတိုင်း
ဆော့ဂျင်အိမ်သို့ဂျောင်ကုတစ်ယောက်တည်းယောင်လည်လည်နှင့်ရောက်လာသည်။"ဘယ်သူများတုန်းမောင်ရင်"
ခြံစည်းရိုးတံခါး မပိတ်ထားတာကြောင့်
ဂျောင်ကုခြံထဲ၀င်ခဲ့ချိန်တွင်ပန်းပင်များကိုရေလောင်းနေသည့်အမျိုးသမီးကြီးတစ်ယောက်နှင့်တိုးသည်။"သြော်...ကျုပ်ကဒီအိမ်ကရှေ့နေကင်မ်ဆော့ဂျင်ရဲ့အသိပါ"
ပတ်သက်ဆက်နွယ်မှုတစ်စိုးတစ်စိမျှမရှိသော်လည်းအသိဟုသာရွှီးရှောင်ပြောရသည်။
"အော် သားရဲ့မိတ်ဆွေထင်တယ်
လာလာမောင်ရင်...,အိမ်ထဲ၀င်ပါအုံး"ဆော့ဂျင်၏မိခင်ဖိတ်ခေါ်မှုကြောင့်သူအိမ်ထဲသို့ရောက်လာခဲ့သည်။အိမ်ထဲသို့ရောက်တော့သူ့ကိုကော်ဖီတစ်ခွက်နှင့်ဧည့်ခံ၏။
"ခဏနော်, သားကစာကြည့်ခန်းမှာအမှုတွဲဖိုင်တွေဖတ်နေလို့ အဒေါ်သွားခေါ်ပေးမယ်"
YOU ARE READING
Robber