Part-2

534 66 11
                                    

နောက်တစ်နေ့တွင်ဂျောင်ကုနှင့်အတူ
ဒုံရှစ်၊ဒိုဟူးတို့မိန်းမတောင်းရန်ဆိုလ်းသို့တက်လာကြသည်။

ဂျောင်ကုကနှုတ်ခမ်းမွှေးအတုကြီးတပ်ကာ
ဖလန်ထည်ပ၀ါအားခေါင်းပေါင်း၍ရုပ်ဖျက်ထား၏။ဒိုဟူးလည်းထိုနည်းတူစွာ။သို့ပေ
မယ့်သတိုးသားလောင်းလေးဒုံရှစ်ကတော့ဘိုကေကိုကျော့နေအောင်ဖြီးထားသည်။ကုပ်အင်္ကျီကိုအကျအန၀တ်ကာရှိုးစမိုးအပြည့်နှင့်အပီရှိူုင်းထားသေး၏။

၀န်ချုပ်ကြီးတို့အိမ်ကားလူကုံထံအသိုင်းအ၀ိုင်းတို့၏ထုံးစံအတိုင်းနှစ်ဆောင်ပြိုင်အိမ်ကြီးဖြစ်သည်။ပါလာသည့်မြင်းများကိုဇက်ကြိုးချည်ကာဂျောင်ကုကဦးဆောင်ပြီးခြံထဲသို့၀င်သွားသည်။

"ဟေ့ ဘယ်ကလူတွေလည်း မီဆန်းသွားကြည့်စမ်းချေ"

အိမ်ကြီးပေါ်မှအသံထွက်လာသည်။

ထို့နောက်အိမ်ထဲမှထွက်လာသည့်ကောင်မလေးတစ်ယောက်။

"ဘာကိစ္စရှိလို့တုန်းရှင့်"

ခြံစည်းရိုးသံတိုင်များကြားထဲမှကောင်မလေးကသူတို့ကိုမေးသည်။

"အော် ဒီလိုပါ ကျုပ်တို့ကအင်းချွန်းကလာတာပါ၊ဒီအိမ်က ကလေးမ ယယ်ဂျင်းရဲ့အသိတွေပါ"

" မမလေးယယ်ဂျင်းရဲ့အသိတွေလို့ပြောပါတယ်သခင်ကြီး"

ကောင်မလေးကအိမ်ကြီးပေါ်သို့လှမ်းအော်ပြောသည်။

"အေး ခေါ်ခဲ့!"

၀န်ကြီးချုပ်ကြီးရဲ့အမိန့်သံအဆုံးတွင်ကောင်မလေးကသူတို့ကိုအိမ်ကြီးပေါ်သို့ခေါ်လာသည်။

အိမ်ပေါ်သို့ရောက်တော့ ဧည့်ခန်းတွင်မိန့်မိန့်ကြီးထိုင်ကာပိုက်ဆံထုပ်များကိုတထုပ်ပြီးတထုပ်ရေတွက်နေသည့်၀န်ကြီးချုပ်ကြီးဆိုသူကသူတို့ကိုလှမ်းကြည့်ကာအကဲခတ်နေဟန်။

"ယယ်ဂျင်း ဒီမှာလာကြည့်စမ်းညည်းအသိတွေဆို"

အိမ်တွင်းမှယယ်ဂျင်းအတူနှင့်သူ့မိခင်ဖြစ်ဟန်တူသောအမျိုးသမီးကြီးတစ်ဦးပါထွက်လာကြသည်။ယယ်ဂျင်းကဒုံရှစ်ကိုမြင်သောအခါအံ့သြသွား၏။တစ်ဆက်တည်းတွင်ပင်မျက်နှာလေးပါ၀င်းလက်သွားတော့သည်။

RobberWhere stories live. Discover now