အခန်းတွင်း အလုံပိတ်ထားမှုကြောင့်နေရောင်ခြည်တို့မတိုး၀င်နိုင်သော်ငြား အောက်ထပ်မှအိုးခွက်ပန်းကန်သံများ
ကြောင့် ဆော့ဂျင်မျက်လုံးတို့ပွင့်လာခဲ့သည်။ချိန်သီးပါသောနံရံမှတိုင်ကပ်နာရီကိုလှမ်းကြည့်မိတော့၇နာရီခွဲ။ဒီအချိန်ထိတောင်အိပ်လိုက်မိသည်တဲ့လား။
သူ့ခါးပေါ်တင်းကျပ်နေအောင်ဖက်ထားတဲ့ဂျောင်ကုလက်တွေကိုဖယ်ခွာကာမျက်နှာသစ်၊ခြေလက်သန့်စင်ဖို့ပြင်ရသည်။
အိမ်နေရင်းအင်္ကျီအပါးလေးနှင့်ဘောင်းဘီတစ်ထည်ကောက်စွပ်ကာအောက်ဆင်းလာတော့မီးဖိုချောင်ထဲအလုပ်ရှုပ်နေသည့်ယယ်ဂျင်းတို့လင်မယားနှင့်တိုးသည်။
"ကိုကို မနက်စာဘာစားမလဲ ယယ်ဂျင်းထမင်းသုပ်လုပ်ပေးရမလား"
ယယ်ဂျင်းကဗိုက်ဖုံးအင်္ကျီကြီးတကားကားနှင့်မနက်စာပြင်နေပေမယ့် သူ့ယောကျာ်းဒုံရှစ်ကတော့ဖင်ကုတ်ခေါင်းကုတ်နှင့်မလုပ်တတ်မကိုင်တတ်ဖြစ်နေသည်။
ဒုံရှစ်ကယယ်ဂျင်းကိုတော့အတော်သည်းသည်။ယယ်ဂျင်းကိုယ်၀န်စရကတည်းကသူ့မိန်းမနားကကိုမခွာ။ယယ်ဂျင်းလုပ်နေကျအိမ်မှုကိစ္စအကုန်လုံးကိုလည်းသူပဲလုပ်ရှာသည်။
နောက်ဆုံးယယ်ဂျင်းလှေကားတက်မည်ဆိုရင်တောင်ပွေ့ခေါ်သွားတတ်သည်။အခုလည်းသူလုပ်တတ်တာဘာမှမရှိပဲနှင့်ယယ်ဂျင်းနားပဲလိုက်ကပ်နေ၏။
အခုလိုသူ့ညီမလေး အချစ်ခံနေရတာမြင်တော့ဆော့ဂျင်လည်း၀မ်းသာပါသည်။
"ယယ်ဂျင်း နင်ကတော့ယောကျာ်းရကံကောင်းတာပဲ"လို့ပြောရင်
"ယယ်ဂျင်းကဒီလိုလူဆိုးလူမိုက်ကြီးကိုချစ်လွန်းလို့ရအောင်ယူထားတာပေါ့ကိုကိုရယ်"ဆိုပြီး ပြန်ပက်သေးတာ။
"နေပါစေ...ငါ ဘီစကွတ်နဲ့ကော်ဖီပဲသောက်မယ်"
"အစ်ကိုကြီးရော မနိုးသေးဘူးလားအစ်ကိုလေး"
ဒုံရှစ် ဘီစကွတ်ပန်းကန်နှင့်ကော်ဖီခွက်လာချပေးရင်းဂျောင်ကုအကြောင်းမေးမိတော့ဆော့ဂျင်ဆီကမျက်စောင်းတစ်ချက်ကိုရလိုက်သည်။
![](https://img.wattpad.com/cover/331986629-288-k751790.jpg)
YOU ARE READING
Robber