Part-9

405 56 6
                                    

၁၉၅၃၊ဂျူလိုင်လ ၁၅ရက်။

လင်းကနဲလက်သွားသော လျှပ်စစ်စီးကြောင်းတစ်ခုက အတွန့်အခက်များစွာဖြင့်ကောင်းကင်ပြင်မှာထင်ဟပ်နေ၏။

မှောင်ရီပျိုးစအချိန်ဖြစ်သည်။ မိုး၏ရှေ့ပြေးနမိတ်ဖြစ်သော တိမ်ညိုတိမ်မဲတို့ကြောင့် ကောင်းကင်တစ်ခုလုံးကပိုမှောင်မိုက်နေသယောင်။

၀ရံတာပေါ်မှ မိုးနံ့ပါသော လေပြေအေးအေးလေးများကိုရှုရှိုက်ရင်း ဂျောင်ကု   ဆေးလိပ်တိုကိုဖွာလိုက်သည်။

ဆော့ဂျင်ကတော့ဘေးမှာမရှိ။သူ့အလုပ်ခန်းထဲတွင် အမှုတွဲဖိုင်များကိုကြည့်ရင်းအလုပ်ရှုပ်နေသည်။

ဂျောင်ကုတို့ အိမ်ထဲရှိ ဓာတ်ပြားစက်အသစ်ဆက်ဆက်မှ တယောသံတေးသွားများက ပျံ့လွှင့်နေသည်မှာ တဝေါဝေါလေသံများကြားတွင်မို့ ခံစားချက်လေးကတစ်မျိုးလေးတော့ကောင်းနေသည်။

"ဂျွန်ဂျောင်ကု! ဟေ့...ဂျွန်ဂျောင်ကု"

ကောင်းနေသည့်ခံစားချက်လေးကို လာဖျက်သည့်အသံများက ခြံရှေ့တွင်သူ့နာမည်ကိုတကြော်ကြော်အော်ခေါ်နေကြသည်။

"တောက်! ဘယ်ကကောင်တွေတုန်းကွာ"

ဂျောင်ကု ​ဆေးလိပ်တိုကိုနင်းခြေရင်း ခြံရှေ့ကိုလှမ်းကြည့်တော့ သေနတ်ကိုယ်စီလွယ်ထားသည့်ပုလိပ်များနှင့် လူအချို့ကိုတွေ့လိုက်ရသည်။

"ဒိုဟူး ခြံတံခါးသွားဖွင့်ပေးလိုက်ကွာ"

ဂျောင်ကု အောက်ထပ်သို့ဆင်းလာပြီး ဒိုဟူးကိုခြံတံခါးသွားဖွင့်ခိုင်းလိုက်သည်။

"ဟိတ်ကောင် အထဲ ထဲမှာမင်းဆရာ ဂျွန်ဂျောင်ကုရှိသလား"

တံခါး ဖွင့်ဖွင့်ခြင်းပင် ပုလိပ်သားနှစ်ဦးကသေနတ်ထောက်၍ ဒိုဟူးကိုဖမ်းချုပ်ကာ လက်ပြန်ကြိုးတုတ်နေကြသည်။

"ဘာဖြစ်ကြတာလဲ၊ ကျုပ် ဂျွန်ဂျောင်ကုပဲ"

ရုတ်ချည်းအခြေအနေကို နားမလည်စွာဖြင့်ဂျောင်ကု ထွက်လာတော့ ပုလိပ်အရာရှိကသူ့ကိုသေနတ်ဖြင့်ထိုးချိန်ထားသည်။

ပုလိပ်သားများနောက်တွင် ဂျော်နီ!။
နောက်ပြီး လူအချို့လည်းပါသည်။

RobberTahanan ng mga kuwento. Tumuklas ngayon