Part-6

400 57 5
                                    

3years Later(1953)

အချိန်အားဖြင့်တော့သုံးနှစ်တောင်ကြာခဲ့ပါပြီ။လွန်ခဲ့တဲ့သုံးနှစ်ကအကြောင်းပြန်ပြောရမယ်ဆိုရင်တော့အမှတ်တရဆိုးတွေကြီးပဲမို့ကျုပ်မပြောတောင်မပြောချင်ဘူးရယ်။

ဒီတော့...လွန်ခဲ့တဲ့သုံးနှစ် ကျုပ် ဆော့ဂျင်ကြောင့်ထောင်ကျခဲ့ရတဲ့အချိန်ကစ​ရမယ်ပေါ့ဗျာ။အဲ့တုန်းက ကျုပ်မှာအသရေဖျက်မှုဆိုပြီးစွဲချက်အမျိုးမျိုးတွေနဲ့ထောင်နှစ်လလောက်တော့ကျသွားသေးတာ။

ဒါပေမယ့် ကျုပ်ဆိုတဲ့ကောင်ကငွေသာအုပ်လိုက်ရင်ဖြစ်ချင်တာဖြစ်လို့ရတဲ့ကောင်ဆိုတော့နှစ်လလောက်ပဲ ပဲထမင်းစားခဲ့ရတာပေါ့ဗျာ။

ကျုပ်ထောင်ကထွက်လာတော့ပထဆုံးစုံစမ်းမိတာဆော့ဂျင်အကြောင်းပဲ။ပြီးတော့ဆော့ဂျင်ကိုမြေလှံရှာတယ်။နောက်ဆုံးတော့လည်းဆော့ဂျင်ကိုသူ့အမေနဲ့အတူဘူဆန်ဘက်မှာရှာတွေ့တာပဲ။

ပြန်ရှာတွေတွေ့ချင်း ကျုပ်ဆော့ဂျင်ကိုတရား၀င်လက်ထက်ယူခဲ့တယ်။

လက်ထက်ပွဲကိုလည်းလူကုံထံအသိုင်းအ၀ိုင်းတေထက်ကြီးကျယ်ခန်းနားအောင်အကြီးအကျယ်ကိုကျင်းပပစ်တယ်။

ယောကျာ်းအချင်းချင်းယူတယ်ယ်ဆိုပြီးကဲ့ရဲ့ရှုံ့ချတဲ့လူတွေကိုတွေ့ရင်တွေ့တဲ့နေရာမှာပစ်သတ်တယ်။အဓိက ကကျုပ်မှာ လက်နက်ရှိတယ်၊ငွေရှိတယ်လေ။
သမ္မကိုတောင်တက်ပြီးလုပ်ကြံလို့ရတယ်။

ကျုပ်တို့ လက်ထက်ပွဲလည်းပြီးရော ယယ်ဂျင်းတုန်းကလိုဆော့ဂျင်ကိုသားအဖြစ်ကနေတရား၀င်စွန့်လွှတ်ကြောင်းသတင်းစာမှာပါလာတော့တာပဲ။

ဆော့ဂျင်ကအဲ့သတင်းလည်းကြားရောကျုပ်ဆီကနေသူ့အိမ်ကိုမရ ရအောင်ထွက်ပြေးပါလေရော။ကျုပ်လည်းအခြေအနေသိချင်တာနဲ့ဆော့ဂျင်ကိုလွှတ်ထားပေးလိုက်တယ်။

ကျုပ်ထင်တဲ့အတိုင်းပါပဲ။နေ့နေ့ညည၊တံခါးဖွင့်ပေးဖို့အော်ဟစ်ငိုယိုပြီးတောင်းပန်နေတဲ့ဆော့ဂျင်ကိုယ်သူမှအရေးလုပ်ပြီးတံခါးလာမဖွင့်ပေးဘူး။

မျိုးရိုးကိုနိမ့်ကျအောင်လုပ်တဲ့ကောင်ဆိုပြီးဆော့ဂျင်ကိုတစ်မျိုးလုံးက၀ိုင်းထိုးနှက်ကြပါသတဲ့။

RobberOù les histoires vivent. Découvrez maintenant