1950တွင်စခဲ့သောတောင်နှင့်မြောက်စစ်စင်ရေးသည်နှစ်ဖက်လုံးအတွက်အထိနာစရာများသာဖြစ်ခဲ့သည်။
မြောက်ကိုရီးယား၏ဘက်တော်သားတရုတ်စစ်တပ်များကလည်းတောင်ကိုရီးယားဘက်သို့အဆက်မပြတ်ဗုံးများပစ်ကျဲကာအောင်မြင်စွာဆုတ်ခွာရေးမူ၀ါဒနှင့်အတူတောင်ကိုရီးယားတစ်နိုင်ငံလုံးအားမြေလှန်ဖျက်စီးရန်ကြိုးပမ်းနေကြသည်။
ထိုသို့နိုင်ငံရေး၊စစ်ရေးများရှုပ်ထွေးနေသည့်ဂျူလိုင်လအတွင်းအင်းချွန်းမြို့၊တရုတ်ကုန်သည်များအသင်းအိမ်တွင်ဓားပြမှုဖြင့်ဓားပြဗိုလ်ဂျွန်ဂျောင်ကုဦးဆောင်သောဓားပြဂိုဏ်းကိုစတင်မွေးဖွားခဲ့လေသည်။
༄ ༄ ༄ ༄ ༄
"ဒိုဟူး အဲ့ပိုက်ဆံတွေကိုအညီအမျှပုံစမ်းကွာ"
အပေါ်ပိုင်းအင်္ကျီမပါဗလာကျင်းနှင့်ဖက်ကြမ်းဆေးပေါ့လိပ်ကိုအသာဖွာ ရင်းပက်လှန်ကုလားထိုင်ပေါ်တွင်ခြေချိတ်ထိုင်နေ
သည့်ဓားပြဗိုလ်ဂျောင်ကုကဓားပြတိုက်၍ရလာသည့်ပိုက်ဆံများကိုအစီအစဥ်တကျခွဲဝေပေးနေသည်။ဂျောင်ကုပစ်ပေးလာသည့်ပိုက်ဆံထုပ်ထဲမှပိုက်ဆံများကိုဒိုဟူး သေချာတွက်ချက်ပြီးဝေစုခွဲများခွဲပြီးသွားသောအခါငွေနှစ်ရာကျော်လောက်ပိုနေ၏။
"ငွေနှစ်ရာကျော်လောက်ပိုနေပါတယ်အစ်ကိုကြီး"
"ဟုတ်ပြီ အဲ့ ပိုနေတဲ့နှစ်ရာကျော်ထဲကငါးဆယ်ကိုငါတို့ရိက္ခာအတွက်ထားလိုက်။ပြီးရင်မင်း အန်းချွန်းလှေဆိပ်ကနေဘူဆန်ကိုသွားကွာ။အဲ့မှာငါ့တို့လူတွေစောင့်နေလိမ့်မယ်။ပိုတဲ့ပိုက်ဆံအကုန်သူတို့ကိုပေးခဲ့။ပြီးရင်မင်းပြန်လာခဲ့တော့"
"ဟုတ်ကဲ့ပါ အစ်ကိုကြီး"
ဂျောင်ကု မှာသမျှကိုဒိုဟူးကအသေအချာလိုက်မှတ်ကာပိုက်ဆံထုတ်ပိုက်၍ထွက်သွား၏။
"ဒါဆို ကျုပ်တို့လည်းပြန်ပါအုံးမယ် အစ်ကိုကြီး"
ဒိုဟူးထသွားပြီးနောက် ကျန်သည့်အဖွဲ့သားများကသူတို့စခန်းချရာအသီးသီးသို့ပြန်ဖို့အရေးကိုခွင့်တောင်းလာကြသည်။
YOU ARE READING
Robber