ပင်လယ်နှင့်စပ်ရှက်နေသည့်ရွာလေးမို့မဖွံ့ဖြိုးသော်ငြား စိုက်ပျိုးရေးနှင့်ရေချို၊ရေငန်လုပ်ငန်းတို့ကတော့တွင်ကျယ်သည်။
အယ်ဖွန်းတို့က သူတို့၀ိုင်းထဲမှာပဲ ဂျောင်ကုတို့နေရဖို့ ယာယီတဲလေးဆောက်ပေးထားသည်။ရွာထဲကလူကြီး၊လူငယ်မရွေးကလည်းလုပ်အားလာပေးကြ၍တစ်ရက်ထဲနှင့်ပင်ပြီးမြှောက်သွား၏။
မှောင်ရီပျိုးလာတော့ ဧည့်သည်များရောက်ရင်ချက်ပြုတ်ကျွေးမွေးလေ့ရှိသည့်ရွာဓလေ့အရ အယ်ဖွန်းတို့၀ိုင်းထဲမှာပွဲစည်နေတော့သည်။
"ဂျောင်ကု ဒါဘယ်လဲ"
"အပြင် ခဏ"
လူအများကြီးကြားထဲမှ သားကိုချီရင်း သူ ဂျောင်ကုကိုလှမ်းမြင်ဖြစ်အောင်မြင်လိုက်ပါသည်။
အမြဲစောင့်ကြည့်နေမိသည်လို့ပဲ ၀န်ခံရမလား။မနေ့က ယယ်ဂျင်းအကြောင်းကြားပြီးကတည်းက မရီ၊မပြုံးတော့တဲ့ ဂျောင်ကုကိုကြည့်ပြီး သူတစ်ခုခုလုပ်ပေးချင်သည်။
အားပေးတာပဲဖြစ်ဖြစ်။
တွေးမိသည်မှာလည်း အားပေးရုံကလွှဲပြီးဘာမှမတတ်နိုင်။
ဘ၀မှာ သေမတတ် တစ်စုံတစ်ခုလုပ်ပေးချင်နေတာတောင် ဘာမှမတတ်နိုင်သည့်အခြေအနေမျိုးက သိပ်ကိုမုန်းဖို့ကောင်းသည်ပဲ။
"ဘယ်အပြင်လဲ..ဘာလုပ်ဖို့သွားမှာလဲ"
"ပင်လယ်ဘက်လမ်းလျှောက်ထွက်ရင်း လေညှင်းခံမလို့ပါ"
"အိမ်မှာ ရွာကလူတွေရောက်နေတယ်လေ မင်းကိုမတွေ့ရင်မေးနေကြမှာပေါ့ အားနာစရာကြီး"
"အင်း ခဏပါပဲ ဆော့ဂျင်ရယ် ငါမွန်းကျပ်လို့"
ဖြစ်နိုင်ရင် မင်းအနဲ့အဝေးဆုံးပါပြေးသွားလိုက်ချင်တယ် ဆော့ဂျင်။ငါ့ရင်ထဲ လောင်မြိုက်ပြီး အရမ်းပူလောင်လွန်းလို့။
ဆော့ဂျင် ဂျောင်ကုမျက်၀န်းထဲကအရိပ်အယောင်တွေကိုကြည့်ရင်း..
"ငါလည်း လိုက်မယ်"
"ဆော့ဂျင်က.."
"အင်း"
"သားကရော"
"အယ်ဖွန်းတို့နဲ့အပ်ထားခဲ့လိုက်မယ်"
DU LIEST GERADE
Robber