Royal Prince💜Part.4
ကျောင်းကိုရောက်တာနဲ့သူ့အလိုလိုစိတ်ကပျော်ရွှင်ကြည်နူးနေတော့၏...
အကြောင်းပြချက်ကလေးရယ်ကတော့သူပေါ့...
စာသင်ခန်းထဲရောက်တာနဲ့မျက်၀န်းတွေကချစ်ရသောသူကိုရှာနေပြီးသား...
ကျွန်တော့်ရဲ့ရင်ခုန်သံတိုင်းကသူ့အတွက်သီးသန့်ရပ်၀န်းငယ်...ကျွန်တော့်ရဲ့jeonအပေါ်မှာထားရှိတဲ့ချစ်ခြင်းတရားတွေကတကယ်ပဲဂန္တ၀င်တွင်နေအုံးမလားပဲ..အချိန်တစ်ခုလေးအတွင်းမှာတစ်စတစ်စ
ပျော်၀င်သွားခဲ့တော့တာပေါ့...ကျွန်တော်ပြောခဲ့ဖူးပါသည်လေကျွန်တော်ဟာသိပ်ချစ်တတ်တဲ့သူဆိုတာကိုပေါ့...အမြဲတမ်းအချိန်တိုင်းတစ်ယောက်သောသူ jeonကအတွေးအာရုံထဲအမြဲလိုလို၀င်လာတတ်တာ..
"ဒီနေရာမှာ ထိုင်လို့ရလား.."
ကျောင်းကန်တင်းမှာထမင်းစားနေတုန်းသူ့အသံကနားထဲ၀င်လာတော့သည်...
ခေါင်းငုံ့ကာထမင်းစားနေတဲ့ထယ်ယောင်းနားjungkookစနောက်ကာပြောလိုက်တော့အံ့သြသွားသောမျက်နှာလေးနဲ့မော့ကြည့်လာသည်..
"Jungkook...ဒီနေ့ ကျောင်းမတတ်ဘူးထင်နေတာ.."
"အတန်းချိန်နှစ်ချိန်ဘဲလွှတ်လိုက်တာ..ညီလေးနေမကောင်းလို့အနားမှာနေပေးပြီးဂရုစိုက်နေရလို့.."
"အော်..jungkookမှာမောင်နှမဘယ်နှစ်ယောက်ရှိလာလဲ.."
"မောင်နှမသုံးယောက်ရှိတယ်လေ.."
"အော်.."
"လွှတ်သွားတဲ့စာတွေအတွက် မှတ်စာအုပ်ငှားလို့ရလား.."
"ခွင့်တောင်းစရာမလိုပါဘူး jungkookရယ်..သူငယ်ချင်းတွေဖြစ်နေပြီပဲမဟုတ်လား.."
"အာ..ကိုယ်အကျင့်ပါနေလို့ပါ..ကိုယ်ကအရင်ကသီးသန့်နေတာများတယ်လေ..စကားပြောတာလွတ်လွတ်လပ်လပ်မပြောတတ်တာ.."
"သတိထားမိပါတယ်.."
ထယ်ယောင်းပန်းကန်ထဲအကြည့်ရောက်မိသွားတော့
အရွက်ကိုသပ်သပ်ဖယ်ကာအသားကိုသာရွေးစားနေ၏..."ဘာလို့ အရွက်မစားတာလဲ.."
"သိပ်မကြိုက်လို့..အသားပဲကြိုက်တာ"
![](https://img.wattpad.com/cover/328879915-288-k810404.jpg)
YOU ARE READING
Royal Prince [Completed]
FanfictionJeon Jungkook×Kim Taehyung Start Date_11.12.2022 End Date_19.3.2023