Part.3

3.4K 573 12
                                    

Royal Prince💜Part.3

ဒီညဘတ်မင်ယူနဲ့တွေ့ရင်၀တ်ဖို့အခန်းထဲမှာအဆင်သင့်ပြင်ဆင်ထားတဲ့၀တ်စုံကိုကြည့်ပြီးထယ်ယောင်းတစ်ယောက်သက်ပြင်းတချချဖြစ်နေတော့သည်..

Bathtubထဲခန္ဓာကိုယ်တစ်ခုလုံးစိမ်လိုက်တော့မွှေးပျံ့နေသောပန်းရနံ့ကနှာဖျားထဲတိုး‌၀ေ့နေ၏...

ပွင့်ချက်လေးတွေကိုလက်လေးနဲ့ကိုင်တွယ်ကာကစားရင်းတွေ့စုံခဲ့ပါသောတစ်ယောက်သူအကြောင်းအတွေးထဲ၀င်လာပြန်တော့နှစ်လိုဖွယ်ထယ်ယောင်းပြုံးမိလိုက်၏..

"Jeon.."

နှုတ်ခမ်းနှစ်လွှားကြားကနေပွင့်အံကြလာပါသောသူ့အတွက်သီးသန့်နာမ်စားတစ်ရပ်...

"Jeon.."

သူနောက်တစ်ကြိမ်ထိုနာမ်စားကိုပြန်ခေါ်နေမိပြန်သည်...သူအဲ့လိုခေါ်ဖို့မစဥ်းစားမိပေမယ့်အလိုလိုထွက်ပေါ်လာသည်..

"Jeon.."

နှလုံးသားကအငြိမ်မနေဆုန်ချည်ဆန်ချည်တဒုတ်ဒုတ်နဲ့သာ...

နာမည်ပိုင်ရှင်တောင်မပြောနဲ့jeon ဆိုတဲ့နာမ်စားလေးကတောင်သူ့ကိုရင်ခုန်စေတာတဲ့လား..

"နှလုံးသားကိုဖမ်းစားသွားတာပဲ..ပထမဦးဆုံး ခံစားမိတဲ့အချစ်ကြောင့် အို့ .. ရူးမတတ်ပါပဲရယ်.."

အချစ်ကထိတွေ့ကိုင်တွယ်လို့တာမရတာသိပ်ကိုရင်ခုန်လှိုက်မောဖွယ်ရာကောင်းလှသည်...

ပင်လယ်ပြာပြာကလှိုင်းလုံးလေးလိုပဲလှိုင်းအကြီးကြီးတတ်လာလိုက်..သဲသောင်ပြင်ကိုရိုက်ခက်လိုက်နဲ့ရယ်..သူ့နှလုံးသားကထိုအတိုင်းပင်တသိမ့်သိမ့်နဲ့
ဖြစ်နေတော့တာ..

Jeonရဲ့အသံသြရှရှအသံလေးကိုခဏခဏနားထောင်ချင်မိပါရဲ့..တစ်သက်လုံးနားထောင်နေရလည်းကျွန်တော်ငြီးငွေ့ဖွယ်ရာမရှိ..အပြုံးလေးမှာထပ်ကျရှုံးရပြန်မိပေါ့..ပါးချိုင့်သေးသေးလေးကနှစ်လိုဖွယ်ရာ..ပါးပြင်ကအမာရွတ်လေးကတဖွဖွနမ်းချင်မိနေရော..

Jeon မျက်နှာလေးကိုတစိမ့်စိမ့်နဲ့သဘောတကျငေး
ကြည့်ရတာကိုထပ်ပြီးသဘောကျနေမိပြန်ပါသည်...
ကျွန််တော်အဲ့လောက်ထိကိုအချစ်မှာကျရှုံးသွားခဲ့တာပဲ..jeonရဲ့အကြည့်တွေအောက်မှာအပြုံးတွေအောက်မှာကျွန်တော်နှလုံးသားအရည်ပျော်ကျကုန်တော့၏...သူကတော့ဘာရယ်မဟုတ်ပါဘူး..သာမန်အကြည့် သာမာန်အကြည့်နဲ့ပေါ့ရယ်..ကျွန်တော်ကသာအချစ်မှာတွယ်ငြိသွားခဲ့တော့တာ...အသစ်စက်စက်နှလုံးသားကတော့ရင်ခုန်မှုအတိုင်းအဆမရှိ...

Royal Prince [Completed]Where stories live. Discover now