Royal Prince💜Part.10
ထယ်ယောင်း အကြောင်းစုံဖွင့်ပြောတော့ဘတ်မင်ယူအတော်အံ့သြသွားခဲ့သည်...သူ့စိတ်ကူးထဲမှာ ထယ်ကသူ့ကိုလက်ထပ်ရမှာဘဲလို့တစ်ထစ်ချကိုယုံကြည်နေခဲ့လို့ပဲ..ထယ် အရှင့်ကိုလည်လွန်းဆန်ပြီးတော့ဘာမှလုပ်လို့မရတာလည်းသိပြီးသားကို...
"အဲ့လို ဖြစ်လို့မရဘူး..ကိုယ့်စိတ်ကိုသိပါတယ် ကိုယ့်နှလုံးသားက လုံး၀ခွင့်မပြုနိုင်ဘူး ထယ်"
"ကျွန်တော့်အနေနဲ့ကတော့ ဘယ်အခြေအနေဘယ်လိုမျိုးပဲ ဖြစ်နေပါစေ..jeonကိုပဲသေချာပေါက်ကိုရွေးချယ်မှာ .."
ထယ်ယောင်းကယုံကြည်ချက်ရှိရှိနဲ့ပြောလာ၏..
"ကိုယ်လုံး၀လက်မလွှတ်နိုင်ဘူး ဘယ်တော့မှ.."
"အကိုဘာလို့ အဲ့ဒီလောက်ပြောရခက်နေရတာလဲ...
ကျန်ရှိနေတဲ့အချိန်ကာလတွေမှာ အကိုနဲ့ရန်သူအဖြစ်မနေချင်ပါဘူး..ကျွန်တော့်ရဲ့ အကိုတစ်ယောက်လိုမျိုးပဲ ဟိုးအရင်ကတည်းက ခင်တွယ်နေခဲ့တာ..""အဲ့တာဆို မိဘတွေသဘောတူခဲ့တုန်းကထယ်ဘာလို့မငြင်းခဲ့တာလဲ ထယ် ကိုယ့်ကိုမချစ်တာသိပေမယ့်လဲကိုယ်သိချင်တယ်.."
"မလွန်ဆန်နိုင်ခဲ့လို့ပေါ့...ငယ်သေးတော့ဘာမှမလုပ်နိုင်ခဲ့လို့ပေါ့..ခေါင်းငြိမ့်တာကလွဲပြီး ဘာဆို ဘာမှမပြောနိုင်ခဲ့ဘူး..ပြောခွင့်လည်းရှိမနေခဲ့ဘူးလေ..."
"အရှင့်ကိုလွန်ဆန်ဦးမှာပေါ့..."
"သေချာတာပေါ့..အခုဘယ်အရာကိုမှ ကြောက်မနေဘူး..jeon အချစ်တွေနဲ့ခွန်အားယူထားပြီးသားပဲ.."
ထယ့်မျက်၀န်းလှလှလေးကပြုံးနေ၏..သူနဲ့ပတ်သတ်လို့ပေါ့..အဲ့မျက်၀န်းတွေကိုမုန်းတယ်..jeon jungkookနဲ့ပတ်သတ်ပြီးတော့ဖြစ်ပေါ်လာတာမိုလို့ပေါ့...လုံး၀လက်မလွှတ်ပေးဘူး..
"ကိုယ်ကတော့လက်လျှော့မှာတော့ မဟုတ်ဘူး..
ကိုယ်လည်းနှစ်ရှည်လများစောင့်ခဲ့ရတာ..ကိုယ့်အတွက်မတရားဘူး မဟုတ်လား.."မင်ယူ့စကားကြောင့်ထယ်ယောင်းစူးစူးရှရှကြည့်လာကာဖြင့်...
" အကို ကျွန်တော်မျှော်လင့်ချက်ပေးခဲ့တာ ဘာတစ်ခုမှမရှိခဲ့ပါဘူး..စောင့်နေပါလို့လည်းကျွန်တော်ဘက်က အစကတည်းကနေ ခုချိန်ထိမပြောခဲ့ဘူးနော်...ကျွန်တော်အကို့ကိုချစ်ဖို့ကြိုးစားကြည့်ခဲ့ပါသေးတယ်..jeonကိုနှလုံးသားကအလိုအလျောက်ချစ်မိသွားတာတော့ မတတ်နိုင်ခဲ့ဘူး..မျက်နှာပြောင်တိုက်ပြီး ကျွန်တော်ပြောနေတာမဟုတ်ပါဘူး..ခံစားရတဲ့ ခံစားချက်လေးကိုပြောပြယုံလေးပါ..အကိုမယုံရင်တော့ ကျွန်တော်လည်း မတတ်နိုင်ပါဘူး..အကို့ကိုအားနာခဲ့ရပါတယ်..ဒါကျွန်တော့်ရင်ထဲကလာတဲ့မှန်ကန်တဲ့စကားပါ.."
YOU ARE READING
Royal Prince [Completed]
FanficJeon Jungkook×Kim Taehyung Start Date_11.12.2022 End Date_19.3.2023