Royal Prince💜Part.6
ထယ်ယောင်း jungkookနဲ့ချစ်သူဖြစ်ပြီးကတည်းကအမြဲတပြုံးပြုံးနဲ့သာဖြစ်နေတော့၏...အချစ်ကအဲ့လောက်တောင်လူနှစ်ယောက်ကိုပြုစားနိုင်သလားပဲ...
"ထမင်းပန်ကန်က ပြုံးပြနေလို့လား ထယ်ယောင်း.."
အရှင်ကထမင်းစားနေရင်းနဲ့ထယ်ယောင်းပြုံးနေတာမြင်မိတော့ဆူပူလာတော့၏...သူ့အနေနဲ့သားတော်နှစ်နှစ်ကာကာပြုံးမိတာမျိုးကိုတစ်ခါမှမမြင်ဘူး..သူ့သားဒီလိုမျိုးထူးဆန်းစွာဖြင့်ပြုံးနေတာ...ဘယ်အရာကများသူ့စိတ်အာရုံကိုဖမ်းစားလိုက်လေသလဲ...
"တောင်းပန်ပါတယ်.."
"ဖေဖေရယ် ထယ်လေးက်ိုမဆူပါနဲ့..စိတ်ပျော်ရွှင်သလိုနေပါစေ..အရွယ်ရောက်နေပြီးသားသူတစ်ယောက်ပဲ.."
"သားကြီး...သားလည်းအိမ်ရှေ့စံတစ်ယောက်ပဲ ဒီလိုအမူအကျင့်တွေ ထမင်းစားနဲ့အချိန်မှာမလုပ်ရဘူးဆိုတာ.."
Namjoonက၀င်တားသည်...အိမ်ရှေ့စံကတော့သူ့ညီဘက်ကနေအပြည့်အ၀ကာကွယ်ပေးကာပြောသည်....
"ဖေဖေ.."
"အရှင့်အမိန့်ပဲ.."
Namjoonဆက်ပြောဖို့ရာအခွင့်မသာတော့..
ဖေဖေငေါက်လိုက်ရင်ကိုမျက်နှာလေးငြိုးငယ်သွားတဲ့ညီငယ်ကိုNamjoonမကြည့်ရက်နိုင်...
ကျွန်တော်တို့ညစာထမင်း၀ိုင်းကတော့တခြားသူများမိသားစုတွေကိုပျော်ရွှင်ဖွယ်ရာမရှိ...နောက်နေ့အသက်ဆက်ရှင်ဖို့ဟာစားနေရုံပဲ...ဖေဖေကကျွန်တော့်ကိုမချစ်ဘူး..စည်းတွေဘောင်တွေနဲ့သာထားတာ...ကိုကိုနဲ့မေမေကသာသူ့စိတ်ကိုသာနားအလည်နိုင်ဆုံး...
အရှင်အနေနဲ့လည်းသားငယ်ကိုသူသိပ်ချစ်ရပါသည်...သားကြီးလိုငြိမ်ငြိမ်၀စ်၀စ်မဟုတ်တော့အရာရာမှာသူပူပန်နေရ၏...တော်၀င်မိသားစုဆိုတော့မမြင်နိုင်တဲ့အန္တာရယ်တွေရှိတယ်...သားငယ်
တစ်ခုခုလုပ်ထားရင်တစ်ခါတစ်ရံသူမမြင်ချင်ယောင်ဆောင်ပေးတတ်၏...သင့်တော်တဲ့ဘတ်မင်ယူနဲ့နေရာချပေးချင်ခဲ့တာ...ထယ်ယောင်းအပေါ်ထပ်ကိုစိတ်ပျက်လက်ပျက်နဲ့သာတတ်လာခဲ့လိုက်သည်...
YOU ARE READING
Royal Prince [Completed]
FanficJeon Jungkook×Kim Taehyung Start Date_11.12.2022 End Date_19.3.2023