Part.14

2.9K 481 8
                                    

Royal Prince💜Part.14

ထယ်ယောင်းနောက်တစ်ပတ်ဆေးရုံဆင်းရတော့မည်...

"ထယ် ပျင်းနေပြီလား.."

"ဟင့်အင်း.."

"အကို စတော်ဘယ်ရီသီး၀ယ်လာတယ်..စားလိုက်ဦးနော်.."

"ဟုတ်.."

ထယ်ယောင်းစားဖို့ မင်ယူသေချာဂရုတစိုက်နဲ့လုပ်ပေးနေပါ၏. 

"အကို.."

"ပြောလေ ထယ်.."

"ကျွန်တော့မှာ ဒီလက်စွပ်လေးရှိပြီး အကိုလက်မှာတော့ လက်စွပ်၀တ်မထားဘူး..ဒါcoupleလက်စွပ်အနေနဲ့လာတာ မဟုတ်လား.."

မင်ယူမျက်နှာဖြတ်ခနဲပျက်သွားသည်...ပျက်ယွင်းနေတဲ့မျက်နှာကိုတစ်ချက်ပြန်ထိန်းလိုက်ကာ...ပြုံးပြုံးလေးနဲ့...

"အာ..ဒါလား...ဒီလက်စွပ်ကကြာနေပြီလေ ကိုယ်တ်ို့တွေချစ်သူဖြစ်တုန်းကဆိုတော့..အသစ်ပြန်၀ယ်မှာမို့ အကို ဒီနေ့မှချွတ်ထားလိုက်တာ.."

မင်ယူစကားတွေကသိပ်အစက်အဟက်မတည့်အစီအစဥ်မကျလှ...ထယ်ယောင်းကရုတ်တရပ်မေးလိုက်တော့သူဘာပြန်ဖြေလို့ ဖြေရမှန်းမသိတော့တာ....

ထယ်ယောင်းလက်သူကြွယ်ကလက်စွပ်လေးကိုနူးနူးညံ့ညံ့လေးနဲ့ ထိတွေ့လိုက်ကာ...

"ဘယ်လောက်ပဲ ဟောင်းနွမ်းနေပါစေ နှစ်တွေသိပ်ကြာလည်း အဖိုးတန်ပဲမဟုတ်လား.."

အကိုအပြောကြောင့်စိတ်ထစ်သွား၏...အလွယ်တကူဒီလက်စွပ်ကိုချွတ်ပစ်ရက်တာလဲ...

"အာ..ဟုတ်တာပေါ့.."

"အတိတ်ကို ပြန်သတိရချင်လိုက်တာ..."

ထယ်ယောင်းမျက်နှာလေးညိုးကျသွား၏...

"ထယ် အဲ့တာနဲ့ပတ်သတ်ပြီးတော့ ကိုယ့်ကိုကိုအရမ်း
ကြီး ဖိအားမပေးနဲ့...ဟုတ်ပြီလား.."

"ဟုတ်ကဲ့.."

"ထယ်ရဲ့အတိတ်ကတော်၀င်မင်းသား...အကိုနဲ့ချစ်သူတွေ..ဒါလေးပဲလေ..."

အကိုပြောတော့လွယ်လိုက်တာ...အတိတ်မေ့နေတဲ့ကျွန်တော်ကခရုခွံလိုဘဲ...အသိတွေလာနှုတ်ဆက်ရင်တောင် ကြောင်တောင်တောင်နဲ့...အထိန်တော်ကြီးပါနေလို့အဆင်ပြေပြေနဲ့ဖြစ်နေခဲ့တာ...

Royal Prince [Completed]Where stories live. Discover now