Part.7

2.4K 489 4
                                    

Royal Prince💜Part.7

"ဒေါက်.."

ဘတ်မင်ယူစာရွက်စာတမ်းဖတ်နေရင်းကနေ....

"၀င်ခဲ့.."

"Ceo စုံစမ်းခိုင်းတဲ့ဟာပါ"

"OK.. "

အတွင်းရေးမှုးပေးတဲ့စာအိတ်ကိုလှမ်းယူလိုက်၏...

ဒီစာအိတ်ကိုသူဖွင့်ဖို့ရာသူ့စိတ်တွေလေးလံနေကာချေတုန်ချတုန်ဖြစ်နေလေတာ...

ထုတ်ကြည့်လိုက်တော့..

ထယ်နဲ့ကောင်လေးတစ်ယောက်စာကြည့်တိုက်မှာတစ်ယောက်မျက်နှာတစ်ယောက်တယုတနဲ့ကြည့်နေတဲ့ကြပုံတွေ..သူ့နှလုံးသားပျက်ကျသွားသလိုပဲ..

လက်တွေကတုန်ယင်လာကာဆက်ပြီးjungkookရဲ့ကကိုယ်ရေးအကျဥ်းကိုဖတ်မိလိုက်တော့သာမာန်လူတန်းစား...

"ဟတ်..ဒီလိုလူမျိုးနဲ့ငါကထယ့်ကိုလုရမှာပေါ့...
သိပ်လွယ် လွန်းနေတယ်.."

UKရောက်ပြီးတစ်ရက်နှစ်ရက်နေပြီးတော့ထယ့်နောက်ကိုယုံကြည်ရတဲ့သူတစ်​ယောက်လွှတ်ပေးလိုက်ကာစုံစမ်းခိုင်းခဲ့တာ..ကျွန်တော်စိတ်အလိုမကျဖြစ်နေတာကြောင့်ဒီကိစ္စကိုအကော်အထည်ဖော်လိုက်ရ၏...အရင်ယုံကြည်ခဲ့တာ..ဟိုနေ့ညကထယ်နဲ့ဖုန်းပြောကတည်းကမူပျက်နေတဲ့အသံကြောင့်သံသယတို့ကရှိလာခဲ့တာ..အခုသူထင်နေသလိုမျိုးဖြစ်နေခဲ့ပြီပဲ...သူဘာဆက်လုပ်သင့်လဲဆိုတာစဥ်းစားခန်းဖွင့်ရတော့၏...

ထယ့်ကိုသူ ရင်နဲ့ရင်းပြီးတော့ချစ်၏...တခြားသူတစ်ယောက်လက်ထဲကိုသဘောထားကြီးကြီးနဲ့ဖြစ်ခွင့်ပေးတာမျိုးသူရင်နာခံပြီးတော့မလုပ်နိုင်ဘူး..
သူ့စိတ်တွေမွန်းကြပ်လာကာတစ်ခုခုကိုပေါက်ကွဲဖြစ်
ချင်နေတာ...

သူ့နှလုံးသားကအစကတည်းကကိုစုတ်ပြတ်သတ်နေခဲ့ပြီးပြီ..သို့သော်ချစ်တာမို့လက်လွှတ်ဖို့ရာစိတ်ကူးစိတ်သန်းလေးတောင်သူထားမှာတော့မဟုတ်ချေ...သူဘ၀တစ်လျှောက်ဘယ်အရာ ဘယ်ဟာကိုမှလက်လွှတ်မခံဘူးတာ...ရာဇ၀င်ရိုင်းသွားမှာ..
.....
jungkookနဲ့ထယ်ယောင်းဟန်မြစ်ဘေးရောက်နေကြသည်...

"Jeon စိတ်လှုပ်ရှာနေနာလား.."

"အင်း..လက်ဖျားတွေတောင်အေးနေသလိုပဲ.."

Royal Prince [Completed]Where stories live. Discover now