Royal Prince💜Part.8
"ဖြောင်း!"
ပူထွက်သွားတဲ့ထယ်ယောင်းပါးပြင်နုနုရဲသွားသည်....ထယ်ယောင်းကိုအရှင်ကရိုက်လိုက်လေ၏...
"ဖေဖေ!.."
"အရှင်.."
မိဖုရားနဲ့အိမ်ရှေ့စံအထိတ်တလန့်နဲ့ထွက်အံလာပါသော...
Namjoonကအံ့သြသွားကာအော်လေ၏. .
မိဖုရားလည်းစိတ်တိုနေတဲ့အရှင်ကြောင့်စကားတစ်ခွန်းမှမဟရဲပေ...မျက်လုံးတွေကလွန်စွာစိတ်မကောင်းဖြစ်နေလေ၏..."ထယ်ယောင်း မင်းကိုလွှတ်ပေးထားတာကိုအဟုတ်ထင်နေတာလား..ဟမ်!ဘာမဟုတ်တဲ့သူနဲ့..တောက်!!ပြောရင်းဒေါသထွက်တယ်.."
"မင်းလက်ထပ်ရမယ့် သူကမင်ယူတစ်ယောက်ပဲရှိတယ် အဲ့တာခေါင်းထဲထည့်ထား..တခြားတစ်ယောက်နဲ့ပတ်သတ်လို့မရဘူး.."
"ကျွန်တော်ကဘာလို့လဲဖေဖေ...ဘာလို့လဲ..
ကျွန်တော့်မှာလည်းနှလုံးသားရှိတယ်..ကျွန်တော်နှလုံးသားကလိုလားတဲ့သူပဲချစ်မှာ..""ငါတို့တော်၀င်မျိုးနွယ်က သာမာန်လူတန်းစား၀င်လာလို့မရဘူး..နားမလည်ဘူးလား.."
"ဖေဖေကျွန်တော်တို့သားအမိသုံးယောက်စိတ်ကိုဘယ်တုန်းကများ နားလည်ပေးဖူးခဲ့လို့လဲ...ဟုတ်ပါတယ် ဖေဖေမှမချစ်ဖူးတာကို.."
"ကင်မ်ထယ်ယောင်း!မင်းစကားတွေ သိပ်တတ်နေတာပေါ့"
"မှန်တာပြောတာပါ.."
"ဖေဖေ စိတ်လျှော့ပါ..ထယ်လေး စိတ်ဆန္ဒကိုလိုက်လျောပေးလိုက်ပါ.."
"သားကြီးဒီကိစ္စ၀င်မပါနဲ့..ဒီကောင်လေး ဘယ်တော့ဖြစ်ဖြစ် သူလုပ်ချင်ရာကိုလုပ်တာ..သူလိုချင်တာပဲသူသိတာ"
မင်ယူ သူ့ကိုအကြောင်းစုံပြောပြီးပြီမို့အားလုံးသိရပြီးပြီ...မင်ယူကိုသူမျက်နှာပူမိတာတော့အမှန်...
"ကျွန်တော် စိတ်တွေမွန်းကြပ်နေပြီ..တစ်ခါလောက်လေး ကျွန်တော့်စိတ်တိုင်းကျလေးနေခွင့်ပေးပါလား..တစ်ခါလောက်ပါပဲ..jeonကိုကျွန်တော်ချစ်တယ်..ကျွန်တော်မချစ်တဲ့ သူနဲ့လုံး၀လက်မထပ်နိုင်ဘူး.."
![](https://img.wattpad.com/cover/328879915-288-k810404.jpg)
YOU ARE READING
Royal Prince [Completed]
FanfictionJeon Jungkook×Kim Taehyung Start Date_11.12.2022 End Date_19.3.2023