Royal Prince💜Part.1
'မင်းသားလေး မင်းသားလေး..အိပ်ယာထချိန်ရောက်ပါပြီ..'
နားထဲအမြဲမနက်တိုင်းလိုလိုကြားနေရပါသောအသံဖြစ်၏..သူ့ကိုအိပ်ယာနိုးနေကျနိုးစက်အိမ်တော်ထိန်းကြီးပင်..
ထယ်ယောင်းမျက်လုံးမဖွင့်သေးပဲမျက်မှောင်ကြုတ်လိုက်သေးသည်..တကယ်တော့သူအိပ်ယာကမထချင်သေးပါ..
'ထမယ်..ထမယ်..ငါးမိနစ်ပဲနော်..ခဏနေမှပြန်နိုးနော်..'
မျက်လုံးတွေကမပွင့်နိုင်ပဲလက်ငါးချောင်းထောင်ပြကာငါးမိနစ်ဆက်အိပ်ခွင့်တောင်းနေတဲ့မင်းသားလေးကြောင့်အိမ်တောင်ထိန်းရီမျက်ခုံးပင်ခပ်လှုပ်လှုပ်..
သူ့အနေနဲ့လည်းဒီအိမ်တော်နဲ့ပတ်သတ်တာမှန်သမျှမသွေမတိမ်းလိုက်လုပ်ရသည်..'မရပါဘူး မင်းသားလေး..အရှင်ဆူပါလိမ့်မယ်..ကျောင်းလည်းတက်ရပါဦးမယ် မင်းသားလေး..'
သူပြောတာကိုမကြားတော့ပါ..ဆက်ပြီးဖက်ခေါင်းအုံးကိုဖတ်ကာပြန်ပြီးအိပ်ပျော်သွားတော့သည်..
နောက်တစ်ကျော့ပြန် ပြန်နိုးရပြန်တော့သည်...
'မင်းသားလေး...ထပါတော့'
'အွန်း..'
ငေါက်ခနဲ့အိမ်ယာပေါ်ကမင်းသားလေးထထိုင်ပါတော့၏...
'ဘုရင်ကြီးနဲ့မိဖုရား မနက်စားစားဖို့စောင့်နေကြပါတယ်..ရေအမြန်ဆုံးချိုးရပါမယ်..'
'သိပါပြီ..ငါးမိနစ်ပဲကို ကတ်စေးကုတ်နေတာ တကယ်ပါပဲ..'
'သခင်လေး ဒီနေ့အချိန်ဇယားကတော့ကျောင်းသွားရပါမယ်..ညနေကျောင်းဆင်းပြီးဂေါက်ရိုက်ရပါ..တော်၀င်မင်းသားကိုအိမ်တော်မှာအင်တာလာဗျူးပါလိမ့်မယ်..အဲ့တာပြီးရင်တော့ဘတ်မင်ယူရှီနဲ့ညစာစားရပါမယ်..'
'သေချာပါပြီ ညစာကသေချာပေါက်စား၀င်မှာမဟုတ်ဘူးဆိုတာပဲ..'
'တောင်းပန်ပါတယ် သခင်ကြီးစီစဥ်ခိုင်းထားလို့ပါ..
စေပူရေအေးစပ်ပေးထားပါတယ် မင်းသားလေး..'စောင်ထဲကထွက်ကာကြမ်းပြင်ပေါ်ခြေချရုံသာရှိသေးသည်..ထုံးစံအတိုင်းကြက်တူရွေးနှုတ်တိုက်ကျွန်တော်တစ်နေ့တာလုပ်ရမယ့်အချိန်ဇယားကိုအိမ်တော်ထိန်းရီကအလွတ်ရနေသည်...သူကတကယ့်ကိုmaster brainပဲ..
YOU ARE READING
Royal Prince [Completed]
FanfictionJeon Jungkook×Kim Taehyung Start Date_11.12.2022 End Date_19.3.2023