Part(4) Unicode& Zawgyi

1K 36 1
                                    

Unforgotten memories

အပိုင်း(၄)

မွန်းမရုန်းတော့ဘဲ ငြိမ်ကျသွားကာ သူ့အင်္ကျီစကိုတင်းတင်းဆုပ်ကိုင်ထားတော့ ညီညီအနမ်းတွေကိုရပ်ပြစ်သည်။

ထိုမှသာ မွန်းရော သူရော အသက်ကိုဝဝရှူနိုင်တော့သည်။

"ကျေနပ်ပြီလား!...ငါ့ကိုအခုလို ဆက်ဆံရတာ ပျော်ပြီလား"

"ဟင့်အင်း မင်း မေ့လဲတဲ့ထိနမ်းချင်တာ"

"ငါ့ကို လိုသလိုကောက်ချက်ချတာ နင်ပဲ နင်အရမ်းယုတ်မာတာပဲ "

မွန်းပြောရင်း မျက်ရည်တွေပါကျတော့ သူက ဖွဖွလေးသုတ်ပေးသည်။

"ယုတ်မာတာမဟုတ်ဘူး ကြိုးစားတာ မင်းနောက်တစ်ယောက်နဲ့လက်မထပ်အောင်!..."

ညီညီအကြည့်တွေက ရီဝေဝေဖြစ်နေ၏။ မွန်း ထိုအကြည့်တွေကိုလွှဲလိုက်ကာ...

"ဒီလမ်းကို နင်အရင်ရွေးချယ်ခဲ့တာ!...ငါက နင်ထားခဲ့တဲ့နေရာမှာပဲရပ်နေပြီး ဒီတိုင်းရှင်သန်နေတာ အခုက အရမ်းနောက်ကျနေပြီ ဖယ်! နင့်ကိုယ်ကြီးနဲ့မဖိထားနဲ့"

မွန်းစကားကြောင့် ညီညီ့မျက်ခုံးတို့သိသိသာသာတွန့်ကျကုန်၏။ မွန်းပြောတဲ့စကားကိုသူနားမလည်လိုက်တာဖြစ်သည်။ သူက မွန်းကိုထားခဲ့တာတဲ့လား။ မဟုတ်ဘူး သူကသာမွန်းနဲ့သူ့ဒယ်ဒီရဲ့ရက်စက်မှုကို ခံခဲ့ရတာ။

"မွန်း!..."

"ဟွန့်!...ဖယ် မထိနဲ့ "

မွန်းက ညီညီလက်တွေကို အထိမခံဘဲ ခါထုတ်ပြစ်သည်။

"သေချာပြော မွန်မြတ်ခြယ်!...မဟုတ်ရင် မင်းဘယ်မှသွားလို့မရဘူး "

"ဘာကိုပြောရမှာလဲ! ပြီးတော့ ထွက်သွားရမဲ့သူက နင်!..ဒါငါ့အခန်း"

"ထားခဲ့တယ် ကိုယ်တစ်ခါမှမထားခဲ့ဖူးဘူး မင်း...မင်းကသာ ထားခဲ့တာ "

"ဒါဆို နင်ပို့တဲ့မက်ဆေ့ခ်ျက အတုလား...ဟွန့် အခုမှ မပို့ဖူးသလိုလုပ်မနေပါနဲ့ညီညီ "

မဟုတ်ဘူး။ သူတစ်ကယ်မပို့ဖူးဘူး။
ဒါဆိုဘယ်သူလဲ?...

သူ ဝုန်းခနဲထရပ်မိလိုက်သည်။ ဒယ်ဒီ။

အိမ်မက်လမ်းနှင့်အချစ်သံစဉ်-Season(2)-Unforgotten memories 💝Место, где живут истории. Откройте их для себя