Unforgotten memories
အပိုင်း(၁၂)
နောက်တစ်ရက်မနက်ရောက်တော့ မွန်းနဲ့ညီညီ ကွန်ဒိုတစ်ခုထဲ လက်တွဲဝင်သွားသည့်ပုံက Facebookမှာတက်လာသည်။ ဒါတင်မကသေး။ တက္ကသိုလ်တက်စဉ်က ပုံတွေပါပါလာသည်။
Comments...
"Your Choiceနဲ့Moon Angelက ပူးပေါင်းလိုက်ပြီးတော့ စီအီးအိုနှစ်ယောက်ကလည်း လက်ထပ်တော့မှာတဲ့လား အံ့ဩစရာပဲ"
"သူတို့နှစ်ယောက်က တက္ကသိုလ်မှာချစ်ခဲ့ကြတာ အဲ့တုန်းက မိဘတွေသဘောမတူလို့အခုမှယူဖြစ်ကြတာလို့လည်းကြားတယ်"
"မွန်မြတ်ခြယ်က တခြားသူနဲ့စေ့စပ်ထားတာလို့ သတင်းတွေကြားတယ်"
"ဒါဆို မွန်မြတ်ခြယ်က တခြားသူနဲ့စေ့စပ်တာကို လမင်းညီညီကခွင့်လွှတ်တယ်ပေါ့"
"အဲ့တာကလည်း မိဘတွေကြောင့်တဲ့"
"ဘာပဲဖြစ်ဖြစ် တခြားသူနဲ့စေ့စပ်တာတော့ သဘောမကျဘူး ငါသာဆို အခုကောင်လေးနေရာမှာဆိုရင် လက်မထပ်ဘူး"
"ဘာလဲ ဒီမိန်းမက ပတ်ဝန်းကျင်ကိုဂရုမစိုက်တာလား"
"ငါဖြင့် မွန်မြတ်ခြယ်ကို ဟိုဆော့ဝဲကုမ္ပဏီက စီအီးအိုနဲ့ပဲတွေ့တာပါ အမြဲတမ်းတပူးပူးတတွဲတဲ လမင်းညီညီနဲ့ကို အခုမှတွေ့ဖြစ်တာ"
"ဘာတွေပြောနေတာလဲ အဲ့စီအီးအိုက စေ့စပ်တဲ့သူရှိပြီးသား ကျောင်းကိုသွားကြိုနေတာမတွေ့ဘူးလား အသက်နှစ်ဆယ်အရွယ်အပျိုပေါက်လေး"
"သူတို့ဆက်ဆံရေးကရှုပ်နေတာပဲ"
"ယူချင်ယူဟေ့ ငါတို့နဲ့မဆိုင်ဘူး ဒါတင်တဲ့ကောင် မင်းအရမ်းအားယားနေလား"
"*.....*"
စသဖြင့် ကောမန့်မျိုးစုံထိုပို့စ်အောက်မှာ ပလုံစီနေ၏။
မွန်းတို့ကဆယ်လီတွေမဟုတ်။ သို့သော် ကုမ္ပဏိီနှစ်ခုက ဒီဒေသမှာ နာမည်ကြီးဖြစ်နေ၍ စိတ်ဝင်စားခံရတာတွေတော့ရှိသည်။ ယခုလည်း လူတစ်ယောက်က တမင် နာမည်ကြီးချင်လို့ တင်လိုက်တာဖြစ်သည်။
"မွန်း အဲ့တာတွေမကြည့်ပါနဲ့ဆို"
မွန်းကောမန့်ဖတ်နေတာကိုညီညီတွေ့သွားပြီး ဖုန်းကို ဆွဲယူသွားသည်။ မွန်းကတော့ ကောမန့်တွေကြောင့် ကိုယ်ကိုကိုယ်မကောင်းတဲ့သူလို ခံစားနေရသည်။ တစ်လအတွင်း ညီညီတို့အိမ်သွားဖြစ်ပေမဲ့ ဘေးချင်းကပ်ရပ်ဖြစ်တဲ့ကိုကို့ဆီကိုတော့ မဝင်ဖြစ်။ အန်ကယ်နဲ့အန်တီတို့ကိုမျက်နှာချင်းဆိုင်ရမှာ အားနာတာလည်းပါသည်။
![](https://img.wattpad.com/cover/332338212-288-k114658.jpg)
KAMU SEDANG MEMBACA
အိမ်မက်လမ်းနှင့်အချစ်သံစဉ်-Season(2)-Unforgotten memories 💝
RomansaBoth Unicode & Zawgyi မျှော်လင့်ရတဲ့အခြေအနေမျိုးက သေလောက်အောင်နာကျင်ရတယ် ညီညီ...ဒါပေမဲ့ ငါမျှော်နေမိတုန်းပဲ။ [မွန်း] Start date-19.1.2023(Thu) End date-******