Part(9) Unicode & Zawgyi

1.1K 37 1
                                    

Unforgotten memories

အပိုင်း(၉)

"ဝင်သွားလို့မရပါဘူးဗျ..."

ညီညီတို့ကုမ္ပဏီထဲဝင်ဖို့ကြံစည်လိုက်ပေမဲ့ securityတွေကဝင်ခွင့်မပြုပေ။ ဝန်ထမ်းကဒ်ပြဖို့သာပြောကြသည်။

"ကျွန်မက လမင်းညီညီရဲ့သူငယ်ချင်းပါလို့...မယုံရင်ဖုန်းဆက်ကြည့်ပါ..."

"ကိုယ်တိုင်ဆက်ပြီးမှပြန်လာခဲ့ပါဗျ"

"ကျွန်မက သူ့သူငယ်ချင်းလို့"

"တာဝန်အရပါဗျ သီးသန့်ဆက်သွယ်ပြီးမှလာခဲ့ပါဗျ"

မွန်းဘယ်လိုပဲတောင်းဆိုနေပါစေ။ အထဲကိုဝင်ခွင့်မရခဲ့။

ဖုန်းကိုထုတ်လိုက်ပြီးဆက်တော့ ဆက်သွယ်မှုဧရိယာပြင်ပဟုသာပြောပြီး ဆက်သွယ်မရခဲ့။ မီတင်ထိုင်နေတာဖြစ်မည်ဆိုပြီး ထပ်မဆက်ဖြစ်ခဲ့။

ထို့ကြောင့် အရှေ့မှာသာထိုင်စောင့်ဖို့ဆုံးဖြတ်လိုက်သည်။

.
.
.

"မွန်း!.."

"ညီညီ..."

ညီညီကိုတွေ့သည်နှင့် ပြေးဖက်ကာ ရင်ခွင်ထဲတိုးဝင်မိ၏။ လူရှေ့သူရှေ့လည်းသတိမရမိတော့။ မျက်လုံးထဲမှာ ညီညီတစ်ယောက်တည်းကိုပဲကွက်မြင်မိတာ။

ညီညီအရမ်းပိန်ကျသွားသည်။ အရိုးကိုဖက်ရသလိုပဲ။ ထိုင်းကပြန်လာတုန်းကတောင် ပိန်နေတာ။ အခုကျပိုပိန်သွားသည်။

"မွန်းဘာဖြစ်တာလဲ ဘာလို့ဒီမှာရှိနေတာလဲ မိုးတောင်ချူပ်နေပြီ"

"နင်နဲ့တွေ့ချင်လို့"

ရင်ခွင်ထဲကထွက်ကာ မျက်နှာကိုမော့ကြည့်လိုက်သည်။ မွန်းညာဘက်လက်နဲ့ပါးကို ကိုင်မိတော့ ညီညီဆီမှ ညည်းသံထွက်လာ၏။

"အာ့..."

"နင် ထိခိုက်လာတာလား...မျက်နှာကဘာဖြစ်တာလဲ"
နှုတ်ခမ်းထောင်က သွေးစတစ်ချို့နဲ့မျက်နှာက ဖြူလျော့နေသည်။ အခုမှမွန်းသတိထားမိသည်။

"နင်ရန်ဖြစ်လာတာလား"

"ကိစ္စလေးရှိလို့ သွားရှင်းတာ"

အားတင်းသလို ပြောပြီးနောက် ညီညီ့ကိုယ်ကြီး မွန်းဆီပြိုကျလာသည်။

အိမ်မက်လမ်းနှင့်အချစ်သံစဉ်-Season(2)-Unforgotten memories 💝حيث تعيش القصص. اكتشف الآن