Unforgotten memories
အပိုင်း(၆)
ညီညီ့ကွန်ဒိုကအပြန် ကျောင်းသွားချင်စိတ်လည်းမရှိတာကြောင့် ခွင့်လှမ်းတင်လိုက်သည်။ အိမ်ပြန်ရောက်တော့ ဒယ်ဒီက သူငယ်ချင်းတွေနဲ့တွေ့ဖို့ဆိုပြီး အပြင်ထွက်သွားပြီဟု အိမ်စောင့်ကောင်မလေးကပြောလာသည်။
မွန်းက တစ်ခါတစ်လေ ရွှန်းလဲ့နဲ့အလုပ်အတူတူလုပ်ရင်း ညဥ့်နက်တတ်တာမို့ ရွှန်းလဲ့နေနေတဲ့ကွန်ဒိုမှာ အိပ်တာမျိုးရှိတတ်၍ မနေ့ညက မပြန်လာတာ ကိစ္စမရှိ။ ပိုပြီးအဆင်ချောသွားတာက ရွှန်းလဲ့က ဒယ်ဒီ့ကို အကြောင်းကြားထား၍လည်းပါသည်။ သေချာပေါက်လင်းလက်ချက်ပဲနေမှာ။
မွန်း ရေချိုးခန်းထဲဝင်လာကာ ရေပန်းအောက်ဝင်လိုက်၏။ ရေချိုးတာ တစ်ခါမှ တစ်နာရီထက် ပိုမကြာသည့်မွန်းသည် ထိုနေ့က နှစ်နာရီကျော်၊သုံးနာရီနီးပါးထိ ကြာမြင့်သွားခဲ့သည်။
ပြီးနောက် ဘာမှစားချင်စိတ်မရှိတာကြောင့် အိပ်နေလိုက်သည်။
တစ်နှစ်ခွဲလောက်ပဲ ရည်းစားဖြစ်ခဲ့ကြပေမဲ့ ရှစ်နှစ်ကျော်ထိမေ့မရတာက ဘယ်ဘဝက ဝဋ်ကြွေးလို့ဆိုရမလဲ။
ဝဋ်ကြွေးကိုတော့ ဒီဘဝမှာတင်ကျေအောင်ဆပ်သွားမယ်။ အသည်းကွဲရတဲ့ခံစားချက်က သေလောက်အောင်နာကျင်ရတာမို့။ မျှော်ရတဲ့ခံစားချက်က ငရဲထက်နာကျင်ရတာမို့။
••••••••••*˘︶˘*.。*♡••••••••••
One week later,
"ကိုညီဗျ... DeaXက မရနံ့မွှေးက တွေ့ခွင့်တောင်းနေပါတယ် ကိုညီရဲ့သူငယ်ချင်းလို့ပြောနေပါတယ်ဗျ ဝင်ခွင့်ပေးရမလားဗျ "
နေစိုင်းက သူ့ရှေ့ဖိုင်တစ်ခုချပေးရင်းမှပြောလာသည်။
"အင်း ဝင်ခွင့်ပေးလိုက် "
"ဟုတ်ကဲ့ "
နေစိုင်းထွက်သွားပြီးမကြာပါ...ရနံ့ဝင်လာသည်။
"နင်က အလုပ်ဂျိုးပဲ...အလုပ်များတဲ့ငါကလာတွေ့ရတယ် တစ်ကယ်မမိုက်တာ ညီညီ"
အခန်းထဲဝင်လာရင်းမှ မက်စ်ကိုချွတ်လိုက်ကာ မျက်မှန်ကိုပါတစ်ခါတည်းချွတ်ရင်း ပြောသည်။
ВЫ ЧИТАЕТЕ
အိမ်မက်လမ်းနှင့်အချစ်သံစဉ်-Season(2)-Unforgotten memories 💝
Любовные романыBoth Unicode & Zawgyi မျှော်လင့်ရတဲ့အခြေအနေမျိုးက သေလောက်အောင်နာကျင်ရတယ် ညီညီ...ဒါပေမဲ့ ငါမျှော်နေမိတုန်းပဲ။ [မွန်း] Start date-19.1.2023(Thu) End date-******