Part(1) Unicode& Zawgyi

4K 60 4
                                    

အိမ်မက်လမ်းနဲ့အချစ်သံစဉ်-Season (2)
Unforgotten memories
အပိုင်း(၁)

Mandalay Airport...

ညီညီ ‌မန္တလေးမြေပေါ်ခြေချလိုက်သည်နှင့် တစ်စုံတစ်ယောက်ကိုသာ အရင်ဆုံးသတိရသွားရသည်။
အခုချိန် မန္တလေးမြေမှာ သူမ ဘာတွေလုပ်နေမလဲ။

"ညီညီ သား..."

အော်ခေါ်သံရှိရာ သူဆက်လျှောက်သွားလိုက်၏။ သူ့ကို မာမီတစ်‌ယောက်တည်း လာကြိုတာပဲ။

"မာမီ "

မာမီကသူ့ကိုဖက်သည်။ လွန်ခဲ့တဲ့(၆)နှစ်ကတည်းက မာမီက ပြန်ရောက်နေတာ‌ဖြစ်သည်။ သူက ကျောင်းပြီးပြီးချင်းပြန်မလာဘဲ မာမီ့နေရာယူကာ ဒယ်ဒီနဲ့နေစေခဲ့သည်။ အခုမှ လုပ်ငန်းအကုန်လုံးကိုလက်စသတ်ပြီးပြန်လာတာဖြစ်၏။

"သား ပိန်သွားတာပဲ အစားရောစားရဲ့လား"

"ကျွန်တော်ဝိတ်လျှော့ထားတာပါ မာမီ "

သူလိမ်ပြောလိုက်သည်။ တစ်ကယ်က အလုပ်လုပ်ရင်းနဲ့မိုးလင်းသွားတာမျိုးဖြစ်သည်။ အအိပ်အစားမမှန်တော့ နေမကောင်းဖြစ်ကာ ဝိတ်ကျသွားခြင်းပင်။ ဒီအကျင့်က မာမီ မြန်မာနိုင်ငံကိုပြန်သွားကတည်းက ရလာခြင်းပင်။

"အခု မွေးရပ်ပြန်ရောက်ပြီဆိုတော့ များများစားမှရမယ် မာမီအကုန်ချက်ကျွေးမှာ "

"ကျွန်တော် အခု ကုမ္ပဏီကိုအရင်သွားမလို့‌မာမီ...မာမီ ဒရိုင်ဘာနဲ့ပဲပြန်လို့ဖြစ်တယ်မလား"

လေ‌ယာဉ်ပေါ်က ဆင်းဆင်းချင်း သားပြောတဲ့စကားက အလုပ်အကြောင်းတဲ့။ ဒီကလေးက ခန့်ရှိန်သမီးနဲ့လမ်းခွဲပြီးကတည်းက ဒီလိုအေးစက်သွားတာဖြစ်သည်။ အစကတည်းက နွေးထွေးမှုမရှိသည့်မိသားစုဖြစ်တာကြောင့် ပိုပြီးအေးစက်သွားတာလည်းပါသည်။ အမေဖြစ်သူက အဝေးမှာပဲ နေရတာကြောင့်လည်းဖြစ်မည်။

အခုတောင် သားဒယ်ဒီ ခြေတောက်ခိုင်းမိသွား၍သာပြန်လာဖို့ခေါ်ရခြင်း။ မဟုတ်ရင် ပြန်လာမှာမဟုတ်။ ဒီ Your Choiceမှာက သူ့ဒယ်ဒီမဟုတ်ရင် သားရှိမှဖြစ်မှာ။ ပြီးတော့ သားကို အမိမြန်မာပြည်မှာပဲ နေစေချင်သည်။

"ဒါဆို သားအထုတ်တွေကို မာမီ ယူသယ်သွားမယ်"

"မဟုတ်တာမာမီ ကျွန်တော့်ဘာသာ ကျွန်တော်ယူခဲ့ပါမယ် မာမီပြန်နှင့်ပါ "

အိမ်မက်လမ်းနှင့်အချစ်သံစဉ်-Season(2)-Unforgotten memories 💝Donde viven las historias. Descúbrelo ahora