Part(7) Unicode & Zawgyi

1K 36 0
                                    

Unforgotten memories

အပိုင်း(၇)

"မမချယ်...ဒီဦးလေးကြီးက မမချယ်ရဲ့ကားနားမှာ ရစ်သီရစ်သီလုပ်နေတာ"

သံယောစဉ်က နောက်ကနေပြေးလာကာ မွန်းဆီတိုင်းတန်း၏။

"ဒီမှာကလေးမ..."

"ယောနာမည်က..."

"သိတယ် အခုလောလောဆယ် မင်းပါးစပ်ပေါက်ပိတ်ထားပေး..."

လင်းဟာလေးက ကိုင်ပေါက်ပြစ်ချင်စရာကောင်းသည်အထိ အမြင်ကပ်စရာကောင်းတာမို့ အော်ပေးလိုက်သည်။ ဒီလိုနဲ့ သူ မွန်းကိုပြောရမဲ့စကားက အစဖော်မရ‌တော့။

လင်းရာ အမြန်လာစမ်းပါ။

"ညီညီ ကလေးကိုဘာလို့အော်နေတာလဲ"

"သူက!.."

"သံယောစဉ်..."

"ဟယ် ကိုကို..."

‌ညီညီဆုတောင်းတို့ ပြည့်ဝသွားသည်။
လင်းကိုတွေ့သည်နှင့် ‌သံယောစဉ်က မွန်းလက်ကိုလွှတ်ကာ လင်းဆီပြေးသွားသည်။

"မွန်း ညီညီကိုနင်နဲ့အပ်ခဲ့မယ်...ယောကိုငါခေါ်သွားလိုက်မယ်"

လင်းက သံယောစဉ်ကို ခေါ်သွားသည်။ သံယောစဉ်က လင်းနဲ့ကျဘာမှမပြောဘဲ တန်းလိုက်သွားသည်။

"ကိုကိုဘာလို့ နှစ်ယောက်ကိုဒီတိုင်းထားခဲ့တာလဲ..."

"အဆင်ပြေအောင်"

"ဟင့်! ယောကတော့ မပြေစေချင်ပါဘူး မမချယ်က ကိုကြီးတိုင်းထက်လွန်နဲ့မှ ပိုလိုက်တာ"

"ဒါကြောင့် ညီညီကို နှောင့်ယှက်နေတာလား"

"အဲ့ဦးလေးကြီးက အရမ်းအမြင်ကပ်စရာကောင်းလို့"

"ဦးလေးကြီးမဟုတ်ဘူး...ငါ့သူငယ်ချင်း"

"သိပါတယ် ဒါပေမဲ့ ငယ်ငယ်က ချောသလောက် အခုကျတော့ တစ်ကယ့်လူကြီးအတိုင်းပဲ မျက်မှောင်ကကြုတ်လို့ လူကို ကလေးလိုလိုလာပြောနေတာကို ကြည့်မရလို့ ခေါ်တာ..."

"မင်းက အခုမှ(၂၀)ပြည့်ရုံလေးရှိသေးတာ ငါတို့ထက်စာရင် မင်းကကလေးပဲ"

"ကလေးမဟုတ်ပါဘူး မယုံရင်ကိုကို ယောကိုလက်ထပ်ကြည့်လိုက်လေ....ယောက အပြည့်အဝကို လူကြီးဖြစ်နေပါပြီ"

အိမ်မက်လမ်းနှင့်အချစ်သံစဉ်-Season(2)-Unforgotten memories 💝Место, где живут истории. Откройте их для себя