Part(2) Unicode& Zawgyi

1.3K 39 3
                                    

အိမ်မက်လမ်းနဲ့အချစ်သံစဉ်-Season (2)
Unforgotten memories
အပိုင်း(၂)

"အင့်!"

မွန်းကိုနမ်းမိတိုင်း သူ့စိတ်တွေ လွှတ်သွားတတ်သည်။ ‌အခုလည်း မွန်းစကားကြောင့် စိတ်တိုပြီးနမ်းလိုက်တာဆိုပေမဲ့ နမ်းမိသည်နှင့် မလွှတ်ချင်တော့။ သောက်ထားတော့ ပိုရဲတင်းသည်။ အကြာကြီးကိုနမ်းနေမိတာ။

"ဖြန်း!..."

ရိုက်ချက်က ပြင်း၍ ပါးမှာစပ်ဖျင်းဖျင်းခံစားချက်ကိုရလိုက်၏။

"အဟား မွန်မြတ်ခြယ် မင်း!..."

ညီညီစိတ်တိုပြီး မွန်းကိုနောက်တစ်ခါ ဆွဲချုပ်မိပြန်သည်။ မွန်းကလည်း မခေ။ တစ်စူးတစ်စိုက်ကိုပြန်ကြည့်သည်။

"မင်းကိုယ်မင်းဘာထင်နေတာလဲ!..."

"ရှင်ကရော ရှင်ကိုယ့်ရှင် ဘာထင်နေတာလဲ "

"အဟက် "

ညီညီက လှောင်ရယ်သလို မွန်းကလည်း မျက်နှာကိုသိသိသာသာမဲ့သည်။

"လွှတ်...လင်းကိုသေချာပြန်ပို့ပေး "

"မင်းကဘယ်လဲ "

သူ့လက်ကအတင်းရှောင်ပြီး ထွက်သွားဖို့ပြင်တော့ ပြန်ဆွဲထားသည်။

"အိမ်ပြန်မှာ! ရပြီလား"

"လိုက်ပို့မယ် တက်!.."

"ကျွန်မဘာသာပြန်မယ် အငှားကားတွေတစ်ပုံကြီး"

ညကြီးအချိန်မတော် မိန်းကလေးတစ်ယောက်က အငှားကားနဲ့ပြန်မယ်တဲ့။ ဟာသပဲ သူ့ကိုယ်သူ အာဂမိန်းကလေးများထင်နေသလား။ လူကြည့်တော့ လွန်ခဲ့တဲ့ရှစ်နှစ်ကနဲ့သိပ်မကွာဘဲနဲ့။ အရပ်ရှည်လာယုံပဲရှိတာ။

"ပန်ပန်က ပြန်ပို့ခိုင်းသွားတာ တက်!..."

မွန်းက မတက်သေးဘဲ အင်တင်တင်လုပ်နေသည်။ လင်းကတော့ ဘာမှမသိဘဲ ကားဘေးမှာ ငုတ်တုတ်လေးထိုင်နေသည်။

"လင်းကိုအရင်ခေါ်!..."

"နေစိုင်း လင်းကို ကားထဲခေါ်သွားလိုက် "

မောင်းသူနေရာမှာ လူထွက်လာတာ မြင်တော့ မွန်းမျက်နှာနီရဲသွား၏။ ဒီလူက မွန်းတို့အဖြစ်အပျက်ကို အကုန်မြင်နေရမှာပေါ့။ ရှက်လိုက်တာ။ လမင်းညီညီ...လူယုတ်မာ။ အရှက်ကိုမရှိဘူး။ မွန်းကို လူရှေ့မရှောင်ဘဲနမ်းသည်။

အိမ်မက်လမ်းနှင့်အချစ်သံစဉ်-Season(2)-Unforgotten memories 💝Donde viven las historias. Descúbrelo ahora