အချိန်ကားညနေ4နာရီစွန်းစွန်းပင်ရှိသော်လည်း ဆောင်းနေကား
အနောက်အရပ်သို့ယွန်းနေလေပြီ။
ငေးလက်စအာရုံအား ခါထုတ်ကာ အလုပ်ကလေးအားမြန်မြန်လက်စသတ်ရမည်
အိမ်ကမာတာမိခင်က စောစောပြန်လာခိုင်းခဲ့သည်လေ။"ဒေါက်... ဒေါက်... ဒေါက်... ဝင်ခဲ့မယ်နော် ဆရာ"
မင်းထိုက် ရဲ့ ခေါ်သံကြောင့် မောင်းနှင်လက်စအတွေးတို့သည် ဟိုတစ်စဒီတစ်စဖြင့်။
မင်းထိုက်ဆိုသူက ကျွန်တော့်ရဲ့ တပည့်တစ်ဖြစ်လည်းအတွင်းရေးမှူးတစ်ယောက် အတွေးတို့ကိုခါထုတ်ကာ ဝင်ခွင့်ပြုလိုက်သည်။"ဝင်ခဲ့....ဘာကိစ္စရှိလို့လဲ မင်းထိုက်"
"ဆရာ သူဠေးကတော် ဖုန်းဆက်တယ် စောစောပြန်လာခဲ့တဲ့ အာ့တာ"
"အင်း..ကောင်းပြီ ဒါလေး လတ်မှတ်ထိုးပြီးရင်ပြန်ကြတာပေါ့ "
"ဟုတ်ကဲ့ ဆရာ"
ရန်ကုန်မြို့ပြအလယ်ထက်က လမ်းမပေါ်ရှိ BMWကားဖြူလေးသည် လေအနှင်ရှိန်ကဲ့သို့ တလွင့်လွင့်ဖြင့် အေးချမ်းရာအိမ်လေးထံသို့ ဦးတည်လျက်....။
"တီ............."
အိမ်ရှေ့က ကားဟွန်းတီးသံကြောင့် သားပြန်ရောက်လာပြီဆိုတာ အသေအချာ။ရင်၌လေးပင်နေသည့်အကြောင်းအရင်းအား သားဖြစ်သူအားပြောပြရမည် သို့သော် စကားလုံးတို့သည်ချောမွေ့စွာထွက်လာမှာမဟုတ် အမေတစ်ခုသားတစ်ခုဘဝမို့ အတောင်စုံနေသော်လည်းမပျံသန်းပဲ ငြိမ်သက်နေတဲ့သားကို အတင်းနှင်လွှတ်ရင် အမေမဆန်မှန်း ဒေါ်ခင်သက်ထား တစ်ယောက် သဘောပေါက်မိပါသည် သို့ပေသိ မပြောလို့မဖြစ် အကြောင်းအရင်းတစ်ချို့ကြောင့် တစ်ကိုယ်ကောင်းဆန်စွာ ပြောရပေမည်။
"အမေ..... ဘာတွေတွေးနေတာလဲ သားခေါ်နေတာ ကြာပြီ"
"အော် ဘာမှမဟုတ်ဘူးသား ရေမိုးချိုးဦးလေ ခနနေထမင်းစားရအောင် ပြီးတော့ပြောစရာလေးလည်းရှိလို့"
"ဟုတ်အမေ အာ့ဆို သားအပေါ်တက်ပြီ"
ကျွန်တော်တို့ အိမ်ကလေးက လုံးချင်းနှစ်ထပ်တိုက်လေးဗျ အဖေရှိစဥ်က စုမိဆောင်းမိခဲ့တာဆိုလို့ ဒီအိမ်ရယ် ကုမ္ပဏီသေးသေးလေး တစ်ခုရယ် ကျွန်တော့်အတွက်တော့ ငယ်ဘဝက အပျော်ရွှင်ဆုံးပေ အဖေရယ်အမေရယ်ကျွန်တော်ရယ်ပေါ့..။ ဘာလိုလိုနဲ့ အဖေဆုံးသွားတာ 5နှစ်တောင်ပြည့်တော့မယ်..။