လမ်းမထက်ရှိ BMW ကားနက်လေး၏
မောင်းနှင်သူသည် အလျင်လိုနေသည့်ဟန်
လေနှင်အရှိန်နှင့်အတူကူးလူးလျက်...........။"ကွန့်ဓနမော်......မင်း...ဖြေးဖြေးမောင်းလို့မရဘူးလား!..."
"ကျစ်!...ခင်ဗျားပဲ အလျင်လိုနေတယ်ဆို..."
"ဒါပေမယ့်....."
တွေ့လား လွမ်းခေါင်ယံ တို့က အမျိုးမျိုး....။
"ဘာမှလာမပြော ဒါတောင် ခင်ဗျားပါလို့ တတ်နိုင်သလောက် အရှိန်လျှော့ထားပေးတာ.."
ဒါလေ ဒီအရှိန်က လျှော့ထားပေးတယ်?......
ဘေးနားကဖြတ်ပျံချင်နေတဲ့ ကျီးကန်းထက်တောင် မြန်နေတဲ့ အရှိန် ကလေ.....။"ကွန့်ဓနမော်!.."
"ဟုတ်ပြီ... ဟုတ်ပြီ.. ထပ်လျော့ပေးမယ်.."
ထိုစကားကြောင့် စိတ်သက်သာရရုံရှိသေး လမ်းဘေးထိုးရပ်သွားသည့်ကားကြောင့်...။
"ကွန့်ဓနမော် အခုဘာဖြစ်ရပြန်တာလဲ.."
"ကျုပ်ကိုကြည့်...."
"ဘာ!.."
"နောက်တစ်ခါ စကားပြောရင် ကျုပ်ကိုကြည့်လို့.."
"................"
"ပြောထားမယ်......နောက်အပတ်ကြရင် ကျုပ် ခရီးထွက်စရာရှိတယ်....ခင်ဗျားဘယ်သူနဲ့တွဲသွားတွဲလာလုပ်နေတယ်ဆိုတဲ့
ဘာသတင်းမှမကြားချင်ဘူး........""ငါ့ကို မင်းလိုလူများထင်နေလား..."
ဟုတ်တယ်လေ မသိရင် လွမ်း ကပဲပွေနေရှုပ်နေတဲ့ပုံစံနဲ့ ပြောတာကိုက......။
"စကားကောင်းပြောနေရင် ပြန်ခံမပြောနဲ့ ခင်ဗျား! .."
She said where you wana go?...
How much you wana risk?......."တောက်!...."
စကားပြောချိန်ရောက်ရင် ခလောက်ဆန်စေသည့်ဖုန်း......။
"ဟဲလို ဒယ်ဒီ.."
ကွန့်ဓနမော်ဆိုတဲ့ကောင်က လေသံအမျိုးမျိုး ခုန တောက်ခေါက်တာဘယ်သူလဲ ........
အခုကြ ဟမ့်.....။"အင်း သိပြီ...ပြောလိုက်မယ်..."
"ပြီးရင်လည်း သွားမယ် ငါ့အလုပ်ချိန်နှောင့်နှေးနေပြီ....."