ဦးခန့်ဓနတစ်ယောက် ရုံးရှေ့က ကော်ဖီဆိုင်လေးရဲ့ဘယ်ဘက်အစွန်ဆုံးထိုင်ခုံ၌ထိုင်ကာ လက်ကောက်ဝတ်က Rolex နာရီလေးအားကြည့််၍ သားမက် ဖြစ်လာတော့မည့်သူအား မျှော်နေလျက်.... ။ဘလက်ကော်ဖီလေးတစ်ခွက်နှင့်။
"စောင့်ရတာ ကြာနေပြီလား အန်ကယ်လ်"
"မကြာသေးဘူး သားယံ စောနတင် ရောက်တာ"
အမေးနှင့်အဖြေဟာ ပုံစံခွက် ကျသော်လည်း လက်တွေ့မှာ တခြားစီဆိုတာ ရှေ့၌ တစ်ဝက်ကျိုးလုနီးပါးရှိနေသည့် ကော်ဖီခွက်က သက်သေပင်..။
"ဟုတ်ကဲ့ အန်ကယ်လ် ဒါဆို လာရင်းကိစ္စလေး ပြောကြတာပေါ့"
ကောင်လေးကအနည်းငယ်လောဟန်တူသည်..။ ဒါပေမယ့် တစ်ခုခုအရင်သောက်သင့်တယ်မလား ။ခံတွင်းချဥ်နေလို့
ဘလက်ကော်ဖီမှာသောက်ထားတဲ့ ကိုယ်က နဲနဲဧည့်ဝတ်မကျေသလို ဖြစ်နေသည်မို့ တစ်ခုခုမှာပေးရမည်.....။ကိုယ့်မှာလည်း မကြီးမငယ်နဲ့ သားမက် ဖြစ်လာမယ့်သူကိုမျက်နှာလိုမျက်နှာရလုပ်နေရတာ တစ်မိုးအောက်တစ်ယောက်ဖွားတဲ့ သားငယ်
ကြောင့်.....။"တစ်ခုခုသောက်ဦးလေ သားယံ အန်ကယ်လ် မှာလိုက်မယ်.."
"ဟို....ရပါတယ်ဗျ ကျွန်တော် ရုံးမှာ တစ်ခွက်သောက်ခဲ့လို့.."
"ဒါဆိုလည်း သားယံ သဘောပါ"
ခေါင်ယံ တအံ့တသြဖြစ်မိပါသည်။
ဓန လုပ်ငန်းစု ပိုင်ရှင် ဦးခန့်ဓန က ကိုယ့်ကို သားအရင်းသဖွယ် ပြောဆိုလာသောကြောင့်......။
ဟိုအရိုင်းအစိုင်းနဲ့များ တစ်ခြားစီ.. ။"ကျွန်တော်အခုလို တွေ့ခွင့်တောင်းတာက အေးအေးဆေးဆေး စကားပြောချင်လို့ပါ..အခုကိစ္စကလည်း လွယ်လွင့်တကူလုပ်လို့မရတာမို့ သေချာစဥ်းစားစေချင်တယ်
အန်ကယ်လ် လာတောင်းရမ်းတဲ့သူက ယောကျာ်းလေးတစ်ယောက်ဆိုတာလည်း အပါအဝင်ပေါ့"သားယံက စကားပြောညက်ညောတယ် စကားလုံးဆန်းတွေမသုံးပဲ အေးအေးလေးနဲ့ ချက်ကျလက်ကျ ထောက်ပြပြီး ငြင်းတာ...။
ကိုယ်လည်း စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ နှစ်ခွန်း သုံးခွန်းလောက်ဆိုပေမယ့် စကားဦးကဘယ်ကိုဘယ်လိုသန်းနေမှန်း သိပါတယ်..။ဒီလိုရည်ရည်မွန်မွန်ကောင်လေးကို လက်လွတ်ရအောင် ကိုယ်လည်း သိပ်မတုံးလှပေ...။ ကိုယ့်သား ပွေ့ခဲ့ရှုပ်ခဲ့တဲ့သူတွေနဲ့ယှဥ်ရင် ဆီနဲ့ရေလို... ။ တခြားမယှဥ်နဲ့စကားအပြောအဆိုကိုကြည့် သားယံနဲ့
အကွာကြီး .....။