တိုင်ကပ်နာရီအားလှမ်းကြည့်ရာ 9နာရီကျော်နေပြီမို့ ဒေါ်ခင်သက်ထား အိမ်ပေါက်ဝအား ထပ်တလဲလဲမျှော်ရင်း အလုပ်များစွာ......။
သားခေါင်ယံ က မနက်စာစားရင်း ဒီနေ့
ဦးခန့်ဓန တို့လာမယ်ဟု ရုတ်တရတ်ပြောလိုက်တာကြောင့် ယခုလို ပူပန်နေရခြင်းပင်.........။ သားလေးက ခက်ခက်ခဲခဲဆုံးဖြတ်ချခဲ့ရသည့်ဟန်....။ အကို့ရဲ့ လုပ်ငန်းလေးဆိုသည့်အတွေးဖြင့် သားအပေါ် ကျွန်မ
သိပ်တစ်ကိုယ်ကောင်းဆန်မိနေပြီလား............။
အကယ်၍သားလေးသာ လက်မခံခြင်ရင် ကျွန်မလည်း ဦးခန့်ဓန တို့ကို ငြင်းဆန်ဖို့ အဆင်သင့်ပေ................။သားလေးသည် ကျွန်မဘဝရဲ့အရာရာမို့ ဒီတစ်ခါတော့ အကို့ အပေါ် ခင် မျက်ကွယ်ပြုပါရစေ..။"ဝူး............."
ကားသံကြောင့်ထင်သည်...သားလေးက ခြံရှေ့ပြေးထွက်သွားပြီး တံခါးဖွင့်ပေးနေသည်...။
ယိုယွင်းနေသည့် စီးပွားရေး အခြေအနေကြောင့် အိမ်အကူမပြောနှင့် ခြံစောင့်ပင် မထားဖြစ်တော့..။"ရောက်လာကြပြီလား...ထိုင်ပါဦးရှင်"
ဒီနေ့တော့ သားဖြစ်သူပါ ပါလာခဲ့သည့်မို့ ဒေါ်ခင်သက်ထား လှမ်းကြည့်လိုက်သည်..။ကောင်လေးက အတော်ပင်ကြည့်ကောင်းတဲ့ထဲပါသည်......။နီရဲရဲ ရှပ်လက်ရှည်ကို တံတောက်ဆစ်ထိ ခေါက်ထားပြီး စတိုင်ပန် အနက်ရောင်နဲ့ တွဲဝတ်ထားသည်...။လက်၌ပတ်ထားသည့် Rolex နာရီလေးက သူ၏အဆင့်အတန်းအား ဂုဏ်ဖော်ပြနေသည့်ဟန်......နဖူးပြေပြေ၊ မျက်ခုံးကောင်းကောင်း၊ စူးရဲသည့်အကြည့်တစ်စုံ..၊လေးထောင့်မကျတကျပါးရိုးနှင့် ပိရိသေသပ်လှတဲ့နှုတ်ခမ်းပါး....၊မည်းမှောင်နေသည့် ဆံပင်အား နောက်သို့လှန်တင်ထားသော်လည်းရှေ့၌တစ်စိုးတစ်စကျနေသည့်ပုံသည် ဒီကောင်လေးနဲ့မှလိုက်ဖက်နေသယောင်... ရှုးဖိနပ်အနက်အားစီးကား စတိုင်ကျကျလျှောက်လှမ်းလာသည့်ကောင်လေးသည် ရူပါရုံခန့်ညားလွန်းလှသည်ဟုမှတ်ချက်ပြုလိုက်သည်...။ သို့ပေသိ ဂျစ်ကန်ကန်အခံလေးရှိသည်ထင်.......ကိုယ့်အပြောကိုပင် အဖတ်မလုပ် သားမျက်နှာတစ်ကမ္ဘာပုံစံနဲ့ ငေးမောလျက် ........။
"ဟုတ်ပါ့ မခင်ရေ.......သားငယ်လေ စဥ်းစားချိန်စောင့်ပေးပါဦးဆိုတာကို အတင်းဇွတ်ပြောနေလို့ ဆိုင်းမဆင့်ဘုံမဆင့်ရောက်လာတာ အားနာလိုက်တာရှင်....."