Unicode
"ကွန့်ဓနမော်!...."
"အသာလေးငြိမ်ပြီးလိုက်ခဲ့.....ဗိုက်ဆာနေပြီမလား.."
စကားလမ်းကြောင်းလွှဲကာ ပြောလာသည်မို့ လွမ်း ထပ်ပြီးမမေးဖြစ် သူမှ မဖြေချင်လို့ ကွေ့ဝိုက်ပြောနေတာကိုး....။
"ဘာစားမလဲ?....ဟိုရှေ့ဆိုင်က reviewကောင်းတယ်လို့ကြားတယ်...
စားမလား"သူပဲမေးသူပဲဖြေကာရှေ့ကဆိုင်အား မေးငေါ့ကာ ပြောနေတာကြောင့် အသာခေါင်းညိတ်လိုက်သည်....။ ဒီအချိန်ကြီး ထိုင်မယ့်ဆိုင်က ကော်ဖီဆိုင်တဲ့......ဆိုင်ရွေးတဲ့နေရာမှာ အဖြစ်မရှိချက်..။ဒါပေမယ့် လွမ်းကြိုက်ပါသည်.... ညနေခင်း ကော်ဖီသောက်ရခြင်းကို.....။
"ဆရာ ပုံမှန်အတိုင်းပဲလား.."
"ပုံမှန်အတိုင်းပဲ အာကာ.."
ကိုယ့်ရှေ့တွင် အချင်းချင်း သိကြသည့်ဟန်ဖြင့်ပြောဆိုနေသူတွေကြောင့် ဓန တစ်ယောက် ပါးစပ်အဟောင်းသား..... ။
"ဟို....အာကာက ငါ့အလုပ်မှာ အရင်က လုပ်ဖူးတယ် အာ့ကြောင့်.."
လွမ်အားတစ်လှည့် အာကာအား တစ်ချက်ကြည့်ကာအံ့သြနေသူကြောင့် အမြန်ပြန်ဖြေလိုက်သည်..။ ရှင်းပြဖို့ ခိုင်လုံသည့်အခြေအနေနှင့် အကြောင်းပြချက်သည် နတ္ထိ.. ။
"သိပ်မိတ်ပေါတယ်နော် အဟက်!.."
"ဟမ်...အော်... ငါက မင်းလိုမှ အပေါက်မဆိုးပဲ.....မိတ်ပေါတာ မဆန်းဘူးမလား..."
တွေ့လား!..ဒီလူက ကိုယ့်ကိုဆို တစ်ခွန်းဆိုတစ်ခွန်းပြန်ခံပက်စမြဲ....
"ဒီက ဆရာကရော ဘာသောက်မလဲ?..."
"ညနေပိုင်း ကော်ဖီမသောက်တတ်ဘူး..."
"ဟုတ်ကဲ့ဆရာ..."
"မသောက်တတ်ဘဲ ဘာလို့ခေါ်လာတာလဲ.."
"ခင်ဗျား သောက်ချင်နေတာမလား....ကားပေါ်မှာပဲ သောက်လိုက်တော့ အပြန်နောက်ကျရင် အမေ စိတ်ပူနေလိမ့်မယ်.."
လွမ်း မအောင့်နိုင်စွာ တသောသော ရယ်လိုက်မိသည်....ကွန့်ဓနမော်က ကြီးကောင်ကြီးမားခန္ဓာယ်ကိုယ်ကြီးမှ အားမနာ သူ့အမေစိတ်ပူနေမှာစိုးလို့တဲ့...