Part-4(Unicode)

180 8 2
                                    

"ဘာ!..."

ဟ! ဘာကောင်လဲ ကိုယ်ရေးကိုယ်တာ ကိစ္စကို ကိုယ့်အလုပ်ထိပါ ရောယှက်လာတာမျိုးကို လွမ်းခေါင်ယံ တို့မကြိုက်။ သူ့ဟာသူ ဓန လုပ်ငန်းစုမကလို့ ဘာဖြစ်ဖြစ် ရိုကျိုးပြနေမယ့်အထဲမှာ လွမ်း မပါ..။မည်မျှပင်ချမ်းသာနေပါစေ အလိုက်ကန်းဆိုးတော့သိသင့်သည်မလား...။

"မင်း ဘာလာလုပ်တာလဲ.."

"ဘယ်လို?.."

"......."

"ခင်ဗျားကျွန်တော့်ကို ဘယ်လို​လေသံနဲ့လာပြောနေတာလဲ.."

တစ်သက်နဲ့တစ်ကိုယ် အခုလို လေသံမာမာနဲ့ အပြောခံရဖို့ဆိုတာ ကွန့်ဓနမော် တို့ အဘိဓာန် မှာမရှိခဲ့ရိုးအမှန်...။တကယ်ဆို ဒေါသထွက်သင့်တာ ကိုယ်လေ သူကပဲ နစ်နာနေသလိုလိုနဲ့...။လွမ်းခေါင်ယံဆိုတဲ့လူဟာ အသက်အရွယ်နဲ့မှမလိုက်မဖက် ရိုင်းစိုင်း၏။

ကိုယ့်အား မျက်ထောင့်နီစွာ ပြောလာသူကို  လွမ်း အမှန်ပင် အံသြမိပါသည်။သူကပဲ တစ်ပြန်စိတ်တိုရတယ်ရှိသေး..။ပိုက်ဆံရှိတယ်ဆိုတိုင်းဘဝင်လေဟပ်နေပုံများ ကျက်သရေယုတ်ချက်..။

"နားမလည်တာလား ဦးနှောက်မပါတာလားမသိဘူး မရှင်းရင် record ဖမ်းထား ဥာဏ်ရည်မမှီတဲ့ကောင်တွေကို နှစ်ခါမပြောတတ်ဘူး"

လက်အောက်ဝန်ထမ်းများရှေ့တွင်ဆိုလည်း လွမ်း မရှက်တော့ ဒီကောင်က သက်သက်ကို လူပါးလာဝနေတာ..။

"တောက်!  ခင်ဗျားလိုက်ခဲ့"

သူဌေးအား အတင်းဆွဲခေါ်သွားမှန်း သိသော်လည်း ဆွဲပြီးမတားရဲပါ ခေါ်သွားတဲ့သူကလည်း ကိုယ့်ဆရာရဲ့ သတိုးသားလောင်း ဆိုတော့...။

"မင်း! မင်း ဘာလုပ်တာလဲ.."

"ပါးစပ်ပိတ်ပြီး အေးအေးဆေးဆေးထိုင်နေ.."

ပြောလည်းပြော လက်ကလည်း seat belt ကို ပတ်ပေးရင်း...။ကိုယ့်ကိုကိုယ်လည်း ဘာလုပ်မိမှန်းမသိပါ...ကိုယ့်ကားရဲ့lover seatမှာ ပထမဆုံးပေးထိုင်ဖူးတဲ့သူက ဒီလူဖြစ်လာရမှန်း မတွေးမိခဲ့.. တွေးလည်းမတွေးချင်ပေ....။ထို့နောက် ကားထဲဝင်ထိုင်ရင်း.....

"ပြော......ခင်ဗျားအခုလို ကျုပ်ကို ဆက်ဆံရဲအောင် ဘယ်က သတ္တိတွေရလာတာလဲ"

"အချစ်အယူခံ " {Ongoing}Where stories live. Discover now