ထည်ဝါစွာတောက်ပနေသည့် နေရောင်သည် ကြည်တောက်တောက်မှန်တံခါးကို ထိုးဖောက်နိုင်သော်လည်း ကြားခံနေသည့် နက်ဆွေးဆွေး အပါးစကြောင့် ဝါဖျော့ဖျော့အရောင်ကနေပင် အရင့်ဘက်သို့ခပ်သန်းသန်း.....။ထို့နောက်ရန်ရှာမိသည့် ဦးတည်ရာကား......ခဲရောင်မွေ့ယာပေါ်ရှိ အသားအရေခပ်လတ်လတ်ကောင်လေးတစ်ယောက်ဆီ...။ မျက်နှာပေါ် ထိုးကြလာသည့်နေရောင်ကြောင့် နေမြင့်နေပြီဆိုတာ ဓန မျက်လုံးမဖွင့်လည်း ခံစားမိပါသည်။ထို့ကြောင့် ပူထူနေသည့် မျက်စိတစ်စုံကို မဖွင့်ချင်လည်းဖွင့်ရပေမည်။မနေ့ညက အတော်ရေချိန်ကိုက်လာသည်မို့
ခေါင်းတစ်ခြမ်းဟာနှောက်ကျိကျိ.....။"အဟင်း...."
လူကသာခပ်ပုပု ဂျိုကတော့ခပ်ကြွကြွကောင်ကို ရိုက်ချိုးနိုင်ခဲ့သည်မို့ လေးထောင့်မကျတကျပါးရိုးထက်ရှိအပြုံးလေးတစ်ပွင့်ဟာ ဓန ၏စိတ်ကို ပုံဖော်ပြနေသယောင်။
ရေချိုးရန် ကုန်းထပေမယ့် နှောက်ကျိနေသည့်ခေါင်းတစ်ခြမ်းကြောင့် အဆင်မပြေ...။ ခန္ဓာကိုယ်တစ်ခုလုံးလည်း ဘရန်ဒီ အနံ့က ခပ်ပြင်းပြင်း......
"ဝေါ............"
ရေပန်းအောက်ရှိ ကိုယ်ထည်မှာ အတော်ပင် ဆွဲဆောင်မှုရှိလှပါသည်။မဲနက်နေပြီးခပ်တန်းတန်းရှိနေသည့်မျက်ခုံးမွှေးထူထူ၊ရေစက်လေးများတင်နေသည့်မျက်တောင်မွှေးအောက်ကစူးရဲနေသည့်မျက်ဝန်းတစ်စုံ၊နှာတံကခင်ဆင်းဆင်း...။ထိုအောက်က
ပိရိသေသပ်လှသော နှုတ်ခမ်းလေးသည် ဆေးလိပ်အသောက်များသည်ထင်.. အညိုရောင်ခပ်သန်းသန်းနှင့်။
Bodyဆိုသည်မှာလည်း ပြောစရာမလိုဟုဆိုရအောင် အဖုအထစ်နှင့်ကြွက်သားအမြောင်းတို့က သက်သေပြနေသည်လေ...။ ဒေါင်(အရပ်)ကလည်း 6'2"ဆိုတော့
ကွန့်ဓနမော် တို့က မပြင်ဆင်ရင်တောင် ကြည့်ကောင်းချင်တိုင်းကြည့်ကောင်းနေပေသည်။ကြောင်လှိမ်လှေကားထက်က ဆင်းလာသည့်သားငယ်ကို မြင်တော့ ဒီနေ့လည်း ဆုံးမရပေဦးမည်။နားမထောင်မှန်းသိသော်လည်း နားရည်ဝအောင် ပြောရနေရခြင်းပင်......။သားငယ်လေးက တစ်ဦးတည်းသောသားမို့ အနည်းငယ်ဆိုးချင်ပေမယ့် ရိုင်းစိုင်းသည့်ထဲတော့မပါ။ ဆိုးတယ်ဆိုတာကလည်း အဖေဖြစ်သူက အလိုလိုက်အကြိုက်ဆောင်လွန်းသည်ကိုး..။မနေ့ကလည်းကြည့် သားငယ်လေးရဲ့ စကား တစ်ခွန်းကြောင့် လက်ထပ်ခွင့်သွားတောင်းသည်တဲ့။ သူ့သားကလွဲရင်ဘယ်သူ့မှဘောင်မဝင်ဘူးအထင်နှင့်..။ စေ့စပ်တာတောင်မဟုတ်ပဲ လက်ထပ်ပေးဖို့ လာကြောင်းလမ်းတာပါတဲ့..။ သားငယ်ယူချင်တဲ့ကလေးကလည်း ယောကျာ်းလေးဆိုတော့ ကိုယ့်မှာစကားလိုက်ထိန်းပေးနေရသည့်အဖြစ်..။အကိုကရှေ့မကြည့်နောက်မကြည့်ပြောတတ်လွန်း၍ အခြေအနေထိန်းနေရတာကိုပင် မျက်နှာပူလွန်းလို့.....။အရှေ့ကထိုင်ခုံမှာသားငယ်ဝင်ထိုင်နေတာမြင်မှ တွေးကောင်းတုန်းနဲ့တွေးနေမိတာကို သတိရမိသည်.....။