At 7:00 AM"ဒီကောင်လေး မထသေးဘူးလားမသိပါဘူး"
"တက္ကသိုလ်ကျောင်းသားဖြစ်နေပြီ အခုထိဝီရိယကိုမရှိဘူး "
"Yoon Jae Hyuk ...Yoon Jae Hyuk ရေ ..."
"ခေါ်မကြားအော်မကြား မနိုးသေးဘူးထင်တယ်"
"ဒီအရွယ်ထိကို အကုန်လိုက်ပြောနေရတာ ငါလဲအံ့ဩတယ် ဘယ်လိုသားမျိုးမွေးမိလဲမသိ"
Yoon မားမားတစ်ယောက် တပြစ်တောက်တောက်နဲ့အပေါ်ထပ်ကိုတက်သွားလေသည်
"ဒေါက် ဒေါက် "
"ဟဲ့ Jaehyuk ရေ"အခန်းတံခါးဖွင့်သည်နှင့် သူမတစ်သက်နဲ့တစ်ကိုယ်မမြင်ဖူးသည့်မြင်ကွင်းနှင့်အတူ မူးမိုက်သွားသောခေါင်း
"ဟီးး မားမား သားကအကုန်ပြီးနေပါပြီး
နည်းနည်းထပ်ပြင်နေလို့ "ပြုံးဖြီးနေသောမျက်နှာနှင့်ပြန်ဖြေလိုက်သောသူမရဲ့တစ်ဦးတည်းသောသားJae Hyuk
"ဘယ်လိုဖြစ်ရတာလဲဟယ် တစ်ခန်းလုံးလဲမွှန်ထူနေတာပဲ အရင်ဆိုကျောင်းသွားရင်တောင်ရေချိုးမသွားတဲ့ကောင်က အခုကြမှ ပြင်ဆင်နေလိုက်တာ "
"မားမားရယ် မားမားသားကအရင်လိုမဟုတ်တော့ဘူးလေ တက္ကသိုလ်ကျောင်းသားဖြစ်နေပြီ ပြီးတော့ ယုံအင်းမှာမဟုတ်တော့ဘူးလေ Seoul မြို့ကြီးမှာတက်ရမှာဗျ ပြင်ဆင်ဦးမှပေါ့ "
"အေးပါ အေးပါဟယ်
အထုတ်တွေရောပြင်ဆင်ပြီးပြီမလား
ပြင်ဆင်ပြီးရင်လဲ မြန်မြန်ဆင်းလာတော့ ""Naee"
"သား စာကိုသေချာကြိုးစားနော် "
"ကျောင်းပိတ်ရက်ကြရင် မားမားတို့ဆီပြန်လာခဲ့ဦးနော်""ဟုတ်ကဲ့ပါ မားမားရယ် သားပြန်လာမှာပေါ့
စာကတော့စိတ်ချပါ ဘယ်သူလဲ Yoon JaeHyuk ပဲလေ ""အေး Yoon JaeHyuk ပဲမလို့ မှာနေရတာလေ ရှပ်ပြာရှပ်ပြာမလို့ "
"မားမားကလဲ"
"မားမားကလဲမနေနဲ့ သွားတော့ သွားတော့ နောက်ကျနေဦးမယ် "
"အော် နင်ဟိုရောက်ရင်အေးဆေးစာသင်တာပဲကြားချင်တယ်နော် ဘာမှလျှောက်မွှေမနေနဲ့ ငါ ကျောင်းအုပ်နဲ့လာတွေ့နိုင်တာမဟုတ်ဘူး"
YOU ARE READING
KoKo is my Happiness
Fanfictionကျွန်တော့်ရဲ့ပျော်ရွှင်မှုကဘာလဲလို့မေးရင် "ကိုကို" လို့ဖြေမိမှာအသေချာပဲ