"ဂျောင်ဝူး မြန်မြန်လာလေသွားမယ် "
"မင်းဟာကလဲဘယ်လိုဖြစ်နေတာလဲ လာမှာပေါ့ငါလဲ အကိုကယူနဲ့တွေ့ရမှာပါ ချစ်တာချင်းအတူမင်းငါ့ထပ်ပိုဖြစ်မနေနဲ့"
ဂျယ်ဟော့ ဂျောင်ဝူးရဲ့ဇက်ပိုးအုပ်ကာ
"မင်းလေတွေရှည်မနေနဲ့ ဟုတ်တယ် ငါချစ်တာကမင်းထပ်ပိုတယ်ကွာ ဘာဖြစ်လဲ "
"ဘာဖြစ်လဲဆိုတော့ စောက်မြင့်ကပ်တယ်ကွ"
နှစ်ယောက်သားရန်ဖြစ်လိုက်ရိုက်လိုက်ပုတ်လိုက်နဲ့ အဆောင်ရှေ့ကိုရောက်တော့သည်
အဆောင်ထဲဝင်ပြီးသည်နှင့် သူတို့အကို ဟျွန်းဆော့အခန်းကိုရှာတော့သည်
အဆောင်မှာက 2ယောက်1ခန်းနေသည်ဖြစ်တဲ့အတွက် ဟျွန်းဆော့နဲ့ယိုရှီက 1ခန်းနေသည်
ဂျွန်ကယူက ဂျီဟွန်းနဲ့ 1ခန်းနေသည်ဟျွန်းဆော့ရဲ့အခန်းကိုဝင်ခံနီး တွေ့လိုက်ရတာ သူတိူ့တစ်ခါမှမမြင်ဖူးတဲ့အကိုတစ်ယောက်က ဟျွန်းဆော့စာလုပ်နေသည်ကိုဘေးမှပြုံးပြုံးကြီးထိုင်ကြည့်နေပြီး ဟျွန်းဆော့ရဲ့ပါးကို နမ်းလိုက်သည်ပင်
ဒီလောက်ဆိုသူတို့သဘောပေါက်ပါပြီ"ဟေ့ကောင်ဂျောင်ဝူးဒါမင်းအကိုရဲ့ရည်းစားဖြစ်မယ် မင်းအကိုကမဆိုးဘူးကွ တဂယ့် Visual manကိုမှရည်းစားတော်ထားတာ"
"အေး ဟုတ်တယ် ငါတို့ဘေးက ကြည့်တောင် သူ့ရဲ့ Jawline က ပစ်ကြွေချင်စရာ"
"ဂျယ်ဟော့ ငါတို့ပျင်းနေတာ ပျော်စရာလေးတစ်ခုလောက်မလုပ်ချင်ဘူးလား"" လုပ်ရတာပေါ့ကွာ ငါ့တာဝန်ထားလိုက်"
ဂျယ်ဟော့ရှေ့မှဦးဆောင်ဝင်ကာ
"ကိုကို ဘာလုပ်နေတာလဲ ဖုန်းဆက်တော့လဲမကိုင်ဘူး တဂယ်ပဲပစ်ထားရက်တာလား ကျွန်တော် စိတ်ကောက်တာကိုချော့ရမယ်လေ ကိုကိုကလူဆိုးပဲ မချစ်တော့ဘူး "
ဂျယ်ဟော့အပြောကြောင့် ဂျောင်ဝူးပင်မျက်လုံးပြူးသွားတယ်
ဂျယ်ဟော့မျက်စပစ်ကာဟေ့ကောင်ပြောလေဆိုသည့်အမူအရာလုပ်ပြမှ"အေးလေ အကိုကလဲ ကျွန်တော့သူငယ်ချင်း အကို့ ကိုဒီလောက်ချစ်တာသိရဲ့သားနဲ့ သူစိတ်ကောက်နေရင်တော့ပြန်ချော့ပေါ့ အခုကအကိုကထပ်ပစ်ထား"
"ဘေးကလူကရောဘယ်သူလဲ အကိုနော် ကျွန်တော့သူငယ်ချင်းကိုချစ်တယ်ဆိုပြီး ဒီလိုတွေမမြင်ချင်ဘူး"
YOU ARE READING
KoKo is my Happiness
Fanfictionကျွန်တော့်ရဲ့ပျော်ရွှင်မှုကဘာလဲလို့မေးရင် "ကိုကို" လို့ဖြေမိမှာအသေချာပဲ