ဂျယ်ဟော့နဲ့ဂျောင်ဝူး မနက်ပိုင်းအတန်းချိန်ကိုဘယ်လိုပြီးလို့ပြီးသွားမှန်းမသိအောင် စာထဲကိုအာရုံစိုက်စွာ အတန်းတက်ပြီး
" ဂျောင်ဝူး ငါဗိုက်ဆာနေပြီ မြန်မြန်သွားရအောင်"
"အေး မင်းအရင်သွားနှင့်ကွာ ငါဒီစာအုပ်တွေသွားထပ်ပေးလိုက်ဦးမယ်"
"အေး ငါသွားပြီ မရတော့ဘူးဗိုက်က တအားဆာနေပြီ မင်းနဲ့ကူမလိုက်တော့ဘူးနော် "
"အေးပါ ရတယ် ငါနောက်ကျလိုက်ခဲ့မယ်"
ဂျယ်ဟော့လဲ မနက်ထဲကမစားရသေးသည့်အတွက်ဆာနေသောဗိုက်ကိုဖြည့်ရန်
ကန်တင်းသို့အမြန်လာတော့သည်Banana milk ကိုင်ရင်း ကန်တင်းထဲတစ်ချက်ဝေ့ကြည့်လိုက်တော့တစ်ယောက်ထဲထိုင်နေသောCrushလေးကိုတွေ့လိုက်ရသည်
"အကိုယိုရှီ ကျွန်တော်ထိုင်မယ်နော် ကျွန်တော့်ကိုမှတ်မိတယ်မလားဗျ"
ယိုရှီတစ်ယောက်ထုံးစံအတိုင်းစာလုပ်နေရာမှအသံကြားလို့မော့ကြည့်တော့
ဟိုကလေးပဲ ငါ့လိုဉာဏ်ကောင်းတဲ့သူကိုမမှတ်ဘူးထင်နေလားမသိဘူး" ထိုင်ပါ ကောင်လေး ရပါတယ် အကိုမှတ်မိပါတယ် ဂျယ် မလား"
"ဟမ် ကျွန်တော့်ကိုဘယ်လိုခေါ်တာ"
"ဟို လောပြီး နာမည်ခေါ်လိုက်တာ တစ်လုံးလိုသွားတာပါ"
ဂျယ်ဟော့ ယိုရှီရဲ့မျက်ဝန်းတွေကိုသေချာကြည့်ကာ
" အကို ကျွန်တော့ကို ဂျယ် လို့ပဲခေါ်ပါလားဟင် အကိုအဲ့လိုခေါ်တာ ကျွန်တော်သဘောကျတယ်"
ယိုရှီတစ်ယောက်အရှေ့ကကောင်လေးရဲ့အကြည့်ကိုမခံနိုင်တဲ့အဆုံး
"အင်းပါ အကို နောက်ကျတွေ့ရင်ခေါ်ပေးမယ်နော် အခုတော့အတန်းတက်ရတော့မယ်သွားပြီနော်" ဆိုပြီး ထပြေးသွားတော့သည်
ဂျယ်ဟော့သိလိုက်ပါသည် ဒါအကိုရှက်သွားတာပေါ့
"ချစ်ဖို့ကောင်းလိုက်တာအကိုရယ်"
ဂျောင်းဝူးရောက်လာပြီး
"ဟေ့ကောင် ဘာတွေတွေးပြီးပြုံးဖြီးနေတာလဲ စားပြီးပြီလား ငါကသိပ်မဆာတာနဲ့ Snack 1ထုပ်နဲ့ပြီးသွားပြီ "
"မင်းပြီးပြီဆိုအတန်းသွားမယ်လာ စတော့မယ်"
YOU ARE READING
KoKo is my Happiness
Fanfictionကျွန်တော့်ရဲ့ပျော်ရွှင်မှုကဘာလဲလို့မေးရင် "ကိုကို" လို့ဖြေမိမှာအသေချာပဲ