ဒီနေ့က ဂျယ်ဟော့တို့ ကျောင်းစတက်ရမည့်နေပင် ငယ်ငယ်ထဲကဉာဏ်ကောင်းသော်လဲ စာမလုပ်ချင်တဲ့အပျင်းရောဂါကြောင့် တစ်နှစ်တစ်တန်းပုံမှန်အောင်ရုံပင်ကြိုးစားခဲ့သည်
သူများတွေလို ဂုဏ်ထူးတွေနဲ့မအောင်ပဲ ရိုးရိုးအောင်သော်လဲ အမှတ်ကောင်းလှသောကြောင့် Seoulမြို့ကြီးမှာ ပညာသင်ယူနိုင်ခြင်းပင်
At school
"ဂျယ်ဟော့ မင်း အတန်း ထဲတစ်ခါတည်းသွားတော့မှာလား ငါ ကျောင်းကိုလိုက်ပတ်ကြည့်ဦးမလို့ လိုက်မှာလား "
"အေး လိုက်မယ်လေ မနေ့က အကို,ကို လိုက်ရှာမလို့"
"သူတို့က နောက်ဆုံးနှစ်သမားတွေက ပြီးတော့ ဆေးကျောင်းသားဆိုတော့ စာတွေနဲ့ပဲ ပိနေလောက်မှာ "
"လာ ငါ့အကို့ဆီ သွားသလိုနဲ့ သူတို့ဆီသွားရအောင်"ပြောပြီးသည်နှင့်ဂျောင်ဝူးအရှေ့ကသွားကာ
ဂျယ်ဟော့ကတော့အနောက်ကနေ Banana milk လေးကိုင်သောက်ပြီးလိုက်လာတော့သည်သူတို့ နှစ်ယောက်အခန်းရှေ့ရောက်သည်နှင့်တွေ့လိုက်ပါပြီ မနေ့ကလို
ပါးစပ်အပြည့်မုန့်စားနေသည့်ကလေးပေါက်စ
စတိုင်အကိုဂျွန်ကယူနှင့် ခေါင်းကိုငုံ့ကာစာသာအာရုံစိုက်နေသည့် အကိုယိုရှီသူတို့အကိုဖြစ်သည့် ဟျွန်းဆော့ကိုတော့မမြင်ပေ
" ညီလေးတို့အခန်းထဲလာလေ မင်းအကိုလာရှာတာလား"
ပြတင်းပေါက် နားမှာရပ်နေသည်ကိုမြင်သွားတယ်ထင်တယ် ထမင်းလိပ်တစ်ခုကိုပါးစပ်ထဲ
ထည့်ရင်းလှမ်းအော်ပြောသည်ဂျောင်းဝူးမှ ရှေ့ကဝင်သွားပြီး
"ဟုတ်ကဲ့ အကိုဂျွန်ကယူ အကိုဟျွန်းဆော့ကိုလာရှာတာ မေမေက မှာခိုင်းတာလေး လာပြောတာပါ"
"မင်းအကိုက အခုဆို သူ့ကောင်လေးနဲ့ ကန်တင်းသွားရောပေါ့"
"ဗျာ ကောင်လေး ကျွန်တော့အကိုကကောင်လေးရှိတယ် ဟုတ်လား"
ဂျွန်ကယူလဲပြောပြီးမှ ပါးစပ်ကိုလက်နဲ့ကွယ်ကာ
"အမ် သွားပြီ ငါလဲဘာလို့ပြောမိတာလိမ့်"
KAMU SEDANG MEMBACA
KoKo is my Happiness
Fiksi Penggemarကျွန်တော့်ရဲ့ပျော်ရွှင်မှုကဘာလဲလို့မေးရင် "ကိုကို" လို့ဖြေမိမှာအသေချာပဲ