ဒီနေ့ကကျောင်းသားတွေရဲ့ ပိတ်ရက်ပေါ့
ဟျွန်းဆော့တို့4ယောက်နဲ့ ဂျောင်ဝူး ဂျယ်ဟော့ သူငယ်ချင်း2ယောက်ရော လျှောက်လည်မဲ့planချထားကြသည် အဓိကplanချသူက
ဂျယ်ဟော့ပင် ဟျွန်းဆော့ကိုအတင်းကပ်ပြီး"အကိုဟျွန်းဆော့ ကျွန်တော်တို့ကိုလိုက်ပို့ပါ အကိုတို့လဲတစ်ပတ်တစ်နေတော့နားဦးလေစာပဲလုပ်နေကြတာ ကျွန်တော်တို့ကိုလိုက်ပို့ပါ ဗျာ"
"ငါ့ညီတောင်လာမပူဆာဘူးမင်းကဘယ်လိုဖြစ်လို့အတင်းတွေလာပူဆာ"
"အကိုက ကျွန်တော့်ကိုညီအရင်းလိုသဘောမထားပေးနိုင်ဘူးပဲ ကျွန်တော့်မှာတော့ ကိုယ့်အကိုအရင်းလိုသဘောထားရတာကို"
ချက်ချင်းပဲငိုမလိုအနေအထားနဲ့ပြောနေသော
ဂျယ်ဟော့"အားးးတော်ပါတော့ ငါ့ကို drama လာခင်းမနေနဲ့ မနက်ဖြန်လိုက်ပို့မယ် ဟုတ်ပြီလား ငါ့ညီလေး"
"တဂယ်နော် အကို , အကို့သူငယ်ချင်းတွေပါခေါ်လာနော် ကျွန်တော်သွားပြီ"
အဲ့လိုနဲ့ ဒီနေ့မှာ လျှောက်လည်ဖို့ဖြစ်သွားသည်
သူတို့အကုန်လမ်းထိပ်ကမှတ်တိုင်မှာပဲဆုံရန်လုပ်ထားကြသည်
" ဂျောင်ဝူးတို့ စောင့်ရတာကြာသွားလား ဒီမှာပြင်လို့မပြီးနိုင်ကြဘူးလေ"
Hoodie အဖြူလေးကိုရိုးရှင်းစွာဝတ်ထားတဲ့
ဂျွန်ကယူက တဂယ့်ကို ချစ်စရာအဖြူရောင်အကောင်ပေါက်လေးပဲဂျောင်ဝူးမှာ ထိုအဖြူရောင်လေးကိုအသဲတယားယားဖြစ်နေသည်
"မင်းလို့ Supreme ကို တစ်ဒါဇင်ပဲဝယ်ဝတ်နေတဲ့ကောင်မဟုတ်ဘူးကွ"
ကျောင်းမှာတောင်မမြင်ဖူးသည့်ဒီဇိုင်းနဲ့ဟျွန်းဆော့အား
ဂျောင်ဝူးတို့ ကြောင်ငေးနေမိသည်
မျက်မှန် ဆွဲကြိုး လက်စွပ်ပေါင်းစုံနဲ့ လုံးဝ ကိုမိုက်နေသော ဟျွန်းဆော့
ဘေးကပတ်ဂျီဟွန်းမှာလဲ မိန်းကလေးများ ကြွေဆင်းစရာ handsome typeဂျောင်ဝူးနဲ့ဂျယ်ဟော့မှာ သူတို့ရဲ့ fashion ကိုကြည့်ပြီးပါးစပ်အဟောင်းသားဖြစ်နေကြသည်
"အကိုယိုရှီရော သူမလိုက်ဘူးလား ဘာလို့လဲ လိုက်စေချင်တာကို"
မျက်နှာမကောင်းစွာနဲ့ တရစပ်မေးနေသည့်ဂျယ်ဟော့
STAI LEGGENDO
KoKo is my Happiness
Fanfictionကျွန်တော့်ရဲ့ပျော်ရွှင်မှုကဘာလဲလို့မေးရင် "ကိုကို" လို့ဖြေမိမှာအသေချာပဲ