May 14 2023
မနက်ဖြန်ဆိုယိုရှီရဲ့23နှစ်ပြည့်မွေးနေ့ လူမှန်းသိတတ်စအရွယ်တည်းက တစ်ခါမှမွေးနေ့ပွဲဆိုတာ
မကျင်းပခဲ့ဖူးပေ အလုပ်တွေနဲ့သာမအားလပ်နိုင်သော သူ့ရဲ့ အဖေဆိုသည်မှာလဲ တစ်ခါမှသူ့အတွက်အချိန်မပေးနိုင်ခဲ့။ မွေးနေ့ဆိုတာဘာမှန်းမသိတဲ့ယိုရှီအတွက် အကောင်းဆုံးတွေနဲ့ပျော်ရွှင်မှုကိုစတင်ပေးခဲ့သည်မှာ သူ့ရဲ့သူငယ်ချင်းတွေသာဖြစ်သည်။သူတက္ကသိုလ်စတက်သည့်နှစ်မှစ၍ခင်ခဲ့သော သူငယ်ချင်းတွေကြောင့်သာလျှင် မွေးနေ့ပွဲရဲ့အဓိပ္ပာယ်ကို သိခွင့်ရခဲ့သည်။ဒီနှစ်လဲ သူငယ်ချင်းတွေဆီကနည်းနည်းတော့မျှော်လင့်နေမိသည်
ယိုရှီတစ်ယောက်အဆောင်ထဲဝင်လာပြီးသူ့ဘေးမှာထိုင်နေသည့်ဂျွန်ကယူကို
"ဂျွန်ကယူ မနက်ဖြန်ဘာနေ့လဲ သိလား"
"ဘာနေ့ရမှာလဲ တနင်္လာနေ့ပေါ့ ကျောင်းတက်ရမှာလေ ဒါတောင်မသိဘူးလား"
ယိုရှီတစ်ယောက်မျက်နှာလေးညှိုးသွားကာ
"မဟုတ်ပါဘူး သိပါတယ် ဒီတိုင်းမေးကြည့်တာပါ"
"ဂျွန်ကယူမမှတ်မိလဲဘာဖြစ်လဲ ဟျွန်းဆော့တို့ရှိတယ် သူတို့ကိုသွားမေးရမယ်"
ယိုရှီတစ်ယောက်ပွစိပွစိနဲ့ဟိုဘက်အခန်းကိုထသွားတော့သည်
"ဟျွန်းဆော့ရေ ဂျီဟွန်းရေ ငါမေးစရာရှိလို့"
"ဘာလဲမေး"
"မနက်ဖြန်ဘာနေ့လဲ သိလား ထူးခြားတဲ့နေ့တစ်ခုခုဘာညာလေ ရှိလား"
ပတ်ဂျီဟွန်း ယိုရှီရဲ့ခေါင်းကိုရိုက်ကာ
"ထူးခြားတဲ့နေ့တော့မသိဘူး မနက်ဖြန်မင်းအဘိုးစာမေးမဲ့နေ့ဟေ့"
ဟျွန်းဆော့မှလဲထပြီး
"အေးလေ ကျောင်းမှာထူးခြားတာရှိလို့လား မင်းဘာကြားလို့လဲ"
"ဟမ် ဘာ..ဘာမှမကြားပါဘူး ငါသွားတော့မယ်နော်"
ယိုရှီတစ်ယောက်ငိုချင်မိသွားသည်
ဒါပင်မဲ့ဇွဲမလျော့ပဲ
"ဟယ်လို ဂျောင်ဟွမ်နား မနက်ဖြန်ဘာနေ့လဲသိလား"
YOU ARE READING
KoKo is my Happiness
Fanfictionကျွန်တော့်ရဲ့ပျော်ရွှင်မှုကဘာလဲလို့မေးရင် "ကိုကို" လို့ဖြေမိမှာအသေချာပဲ