ဂျွန်ကယူကိုပီဇာလိုက်ကျွေးမယ်လို့ ပြောထားသည့်အတွက် ဂျောင်ဝူးနဲ့ဂျွန်ကယူ အတန်းဆင်းပြီးပီဇာဆိုင်သို့သွားတော့သည်
"အကိုကယူ ကျွန်တော်မေးစရာရှိလို့ "
ပီဇာကိုပလုတ်ပလောင်းစနေရင်းဂျွန်ကယူမှ
"ဘာမေးမှာလဲ "
"နေ့ခင်းက တစ်ယောက်က ဘယ်သူလဲ အကိုယိုရှီနဲ့ပတ်သတ်နေတာလား"
ဂျွန်ကယူငြိမ်သက်သွားသည် ဂျောင်ဝူးမေးမယ်ဆိုတာ သူတွေးထားမိသားပါ
"သူကဟာရူတိုတဲ့ ဂျပန်လူမျိုးပဲ အရင်က ယိုရှီအရမ်းချစ်တဲ့ကောင်လေးပေါ့ "
"အကိုယိုရှီကချစ်တော့ သူကမချစ်ခဲ့တာလား"
"ဟင့်အင်း မဟုတ်ဘူး သူလဲအရမ်းချစ်ခဲ့တာ "
"ယိုရှီကိုမျက်နှာမညှိုးအောင် အရိပ်တကြည့်ကြည့်နဲ့ နေပြီးချစ်ပေးခဲ့တာလဲ သူပဲ ယိုရှီကို လူ့ဘဝထဲကထွက်သွားချင်လောက်အောင်နာကျင်မှုတွေပေးခဲ့တာလဲသူပဲ"
"ထားလိုက်ပါအဲ့ဟာတွေ အခုလဲ ယိုရှီကမင်းသူငယ်ချင်းနဲ့ ချစ်သူတွေဖြစ်နေပြီပဲ"
"ဒါပင်မဲ့ ငါပြောတာတွေ ဂျယ်ဟော့ကိုပြန်မပြောနဲ့နော် ""ဟုတ်ကဲ့ပါဗျာ မုန့်စားကြရအောင်"
ဂျောင်ဝူး အဆောင်ပြန်ရောက်တော့ ကုတင်ပေါ်မှာဖုန်းတစ်လုံးကိုင်ပြီးမျက်နှာကြီးပြုံးဖြီးနေသော ဂျယ်ဟော့
*ကိုကို စာမလုပ်သေးဘူးမလား*
*လုပ်တော့မှာအခု *
*ကိုကို စာလုပ်ရင်အားရှိအောင် ကျွန်တော်အားဆေးပေးရမလား*
*စာအတွက်အကျိုးရှိတာပါပဲ ဘာလဲပေးလေ *
ဂျယ်ဟော့အသံဖိုင်ဖွင့်ကာပြောပြီးပို့လိုက်သည်
• အာဘွားးးမွ မွ မွ ကိုကို စာလုပ်လို့ပင်ပန်းတိုင်း ကျွန်တော်အာဘွားပေးတာလေးနားထောင်လိုက်နော် *
ယိုရှီအသံဖိုင်ဖွင့်ကြည့်ပြီး ရင်တုန်သွားသည်
မဟုတ်ဘူး ဒါရင်ခုန်တာ သူ့နှလုံးသားလေးကခုန်နေတာ*ကောင်စုတ်လေး စာလုပ်ပြီဒါပဲ *
* ချစ်တယ်နော် အာဘွား*ယိုရှီစာပို့ပြီးချင်းရှက်လို့ ချက်ချင်းပင်လိုင်းဆင်းလိုက်တော့သည်
CZYTASZ
KoKo is my Happiness
Fanfictionကျွန်တော့်ရဲ့ပျော်ရွှင်မှုကဘာလဲလို့မေးရင် "ကိုကို" လို့ဖြေမိမှာအသေချာပဲ