"ဂျယ်ဂျယ် မင်းဘာဖြစ်နေလဲ "
"ဘာဖြစ်လို့လဲ ဖြစ်နေတာက ကိုကိုလေ ပြန်စဉ်းစားကြည့်ပါလား"
"ငါရောဘာဖြစ်လို့လဲ အပါးကခေါ်လို့ အိမ်ပြန်တယ် မိသားစုထမင်းအတူစားတယ်ဒါပဲလေ ငါဘာလုပ်လို့လဲ "
"ထမင်းအတူစားတာထားပါ ဘယ်သူပါသေးလဲ အကို့မိသားစုနဲ့အတူ တခြားသူစိမ်းမိသားစုပါ ပါတယ်လေ အကိုနဲ့စေ့စပ်မဲ့ကောင်မလေးရဲ့မိသားစုလေ "
"ကျစ်"
"ဂျယ်ဟော့ အဲ့ဟာက ငါလဲမသိတဲ့ကိစ္စပဲလေ အပါးစီစဉ်တာလေ ""အပါးစီစဉ်တာနဲ့ အကိုက လက်ခံတယ်ပေါ့ ဟုတ်လား ကျွန်တော်ရှိတာကို တစ်ခါတည်းမငြင်းခဲ့ဘူးလား"
"ဟမ် ပြောလေ ယိုရှီ!! "ဂျယ်ဟော့အော်လိုက်တော့ခန္ဓာကိုယ်လေးတုန်တက်ကာ
"ဂျယ်ဟော့ ဘာလို့အော်တာလဲ ငါချက်ချင်းမငြင်းတာလဲ ငါ့အပါးကြောင်းငါသိလို့ အတင်းဇွတ်လုပ်မှာစိုးလို့ အခုစေ့စပ်တာကိုဘာမှမပြောတာ ငါလက်ခံတာလဲ မဟုတ်ဘူး မင်းအဲ့လောက်တောင် ငါ့ကို ယုံကြည်မပေးနိုင်ဘူးလား ဟမ် "
"ထားလိုက်ပါတော့မင်းကငါ့မှမယုံကြည်တာမင်းနဲ့ငါ ဘာမှပတ်သတ်စရာအကြောင်းမရှိတော့ဘူး"ယိုရှီလဲပြောပြီးဂျယ်ဟော့ရှေ့မှလှည့်အထွက်
လက်ကိုလှမ်းဆွဲကာ"ကိုကို့ကိုမယုံကြည်လို့မဟုတ်ပါဘူး ကျွန်တော့်ကိုထားခဲ့မှာကြောက်လို့ပါ ကျွန်တော်ကြောက်လို့ပါကိုကိုရယ် "
ဂျယ်ဟော့မျက်လုံးအိမ်ကဝေဝါးလာကာမျက်ရည်များစီးကျလာသည်
ယိုရှီလဲဂျယ်ဟော့ကိုပြန်ဖက်ကာ
"ကိုကိုချစ်တာလဲဂျယ်တစ်ယောက်ပဲရှိတာလေ ကိုကို့ကိုခနတော့စောင့်ပေးပါ ကိုကိုမင်းဆီအပြီးလာခဲ့မှာ "
"တဂယ်နော် ကိုကို "
ဂျယ်ဟော့မျက်ရည်တွေသုတ်ရင်းပြန်မေးလိုက်သည်"တဂယ်ပေါ့ ဘာလဲမယုံဘူးလား "
နှခမ်းလေးထော်ကာပြန်မေးလိုက်သောယိုရှီကြောင့်ဂျယ်ဟော့လဲနှခမ်းလေးကိုရန်ရှာမိတော့သည်
သူဒီလူသားရဲ့နှခမ်းလေးကိုနမ်းရတာ အရမ်းပင်သဘောကျမိပါသည် နှခမ်းပါးလေးဆီကရတဲ့အရသာက ချိုချိုအီအီသကြားလုံးအရသာလိုလိုပင် စွဲမက်ချင်စရာအရမ်းကောင်းလွန်းသည် မလွှတ်ပေးချင်လောက်အောင် နှခမ်းလွှာရဲ့အပေါ်တစ်လှည့်အောက်တစ်လှည့်ကို နမ်းရှိုက်မိနေတော့သည်
YOU ARE READING
KoKo is my Happiness
Fanfictionကျွန်တော့်ရဲ့ပျော်ရွှင်မှုကဘာလဲလို့မေးရင် "ကိုကို" လို့ဖြေမိမှာအသေချာပဲ