အပိုင်း 2

58 12 5
                                    

ဂျောင်ဝူးခေါက်ဆွဲဆိုင်ထဲသို့ဝင်ပြီးသည်နှင့်
ဂျွန်ကယူဘေးနားမှာအရင်ထိုင်ချလိုက်တော့သည်
ဂျယ်ဟော့လဲ လိုက်လာပြီး ဂျွန်ကယူ၏မျက်နှာချင်းဆိုင်မှာထိုင်နေသည့်ယိုရှီဘေးသို့ဝင်ထိုင်တော့သည်

အနောက်ကနေဝင်လာသည့်ဟျွန်းဆော့မှ

" သူငယ်ချင်းတို့ ဒါငါ့ညီလေးတွေ
တစ်ယောက်ကဂျောင်ဝူးငါ့ညီအရင်း သူက
ဂျယ်ဟော့တဲ့ ငါ့ညီသူငယ်ချင်းဆိုတော့ငါ့ညီအရင်းလိုပါပဲ"
" ဆိုင်ဝမှာတွေ့လို့ တစ်ဝိုင်းတည်းထိုင်ရအောင်ခေါ်လာတာ"

မိတ်ဆက်ပေးပြီးသည်နှင့်

ဂျွန်ကယူမှ တော့ပိုကီပလုတ်ပလောင်းစားနေရင်းနဲ့
"အာညော် ညီလေးတို့ တွေ့ရတာဝမ်းသာပါတယ်
အကိုက ဂျွန်ကယူပါ "

"သိပြီသားပါ ဗျာ "

ဂျောင်ဝူးအပြောကို ဂျွန်ကယူအံ့ဩသွားတော့သည်

"ဟင် ဘယ်လိုသိတာလဲ "

" အားးးးဒီလိုပါ မနေ့ကပန်းခြံ‌ရှေ့မှာဝင်တိုက်မိတယ်လေ အဲ့တုန်းကအကို့ကျောင်းသားကဒ်တွေ့လိုက်လို့ပါ"

"အော် အဲ့လို မင်းကညဏ်ကောင်းသားပဲ အကိုကအဲ့လိုဆိုမမှတ်မိတော့ဘူး "

ဂျွန်ကယူနှင့်ဂျောင်ဝူးစကားကောင်းနေတုန်း
ယွန်ဂျယ်ဟော့မှာတော့ ဘေးက သက်ရှိလူသားလေးကြောင့် နှလုံးခုန်တွေတောင်ရပ်နေပြီ

တစ်ချိန်လုံးငြိမ်နေတဲ့ယိုရှီမှ

"အာညော် ညီလေးတို့ မီးယားပါ အကိုခုနကစာထဲအာရုံရောက်နေလို့
အကို့နာမည် ယိုရှီပါ "

ဂျယ်ဟော့အသံလေးကြားပြီးသည်နှင့် ရူးချင်သွားသည်

"အကိုရာဒီလိုခနလေးအတွင်းမှာကို လူကိုပြုစားရက်လွန်းတယ်
ကျွန်တော်တော့အကို့ကြောင့်ရူးပြီထင်တယ်"
ဂျယ်ဟော့စိတ်ထဲမှပြောနေမိကာ ဘေးကလူသားလေးကိုကြည့်မဝဖြစ်နေတော့သည်

ဒါကိုမြင်သည့်ဂျောင်ဝူးမှ

"ဟေ့ကောင် ဂျယ်ဟော့ မင်းခေါက်ဆွဲလာစားတာလား လူလာစားတာလား"
"မပြောချင်ဘူး နော် ငါသိနေတယ်"

KoKo is my Happiness Where stories live. Discover now