ကြင်ယာတော်မင် ဧကရာဇ်ကြွလာပါတယ်"
အိပ်ယာဝင်ဖို့ပြင်နေစဉ် ဧကရာဇ်ရောက်လာတယ်ဆိုသောကြောင့် သူအနည်းငယ်ရင်တုန်သွားသည်။
ညအိပ်ဝတ်ဝတ်စုံအပါးလေးသာဝတ်ထားတဲ့အတွက် အပေါ်ဖုံးပြန်ထပ်ဖြိ့ပြင်လိုက်ချိန် ရုတ်တရက်ဝင်လာတဲ့အရှင်ကြောင့် သူမဝတ်လိုက်ရပဲ အလျင်အမြန်ဂါရဝပြုလိုက်ရတယ်။
"အရှင့်ကိုဂါရဝပြုပါတယ်"
"မိဘအိမ်ပြန်ခွင့်ပြုလိုက်လို့ ငါကိုယ်တော်ကအလျှော့ပေးတယ်ထင်ရင်မှားလိမ့်မယ်နော်"
"ကြင်ယာတော်သိထားရမှာ ငါကိုယ်တော်ရဲ့ထားရာနေစေရာသွားရမယ့်အရုပ်ဆိုတာမမေ့နဲ့"
"ခုလဲတာဝန်တွေပျက်ကွက်နေလို့ သတိလာပေးတာ"
သူ အိမ်တော်ကနေပြန်ရောက်တော့ ခရီးပန်းပြီးနေမကောင်းဖြစ်သွားတာနဲ့ ချက်ချင်းဂါရဝပြုဖို့မသွားနိုင်ခဲ့ဖူး။ဒါကြောင့်ခုလို သူ့ကိုစိတ်ခုနေတာဖြစ်မယ်။
"ခွင့်လွှတ်ပေးပါအရှင် ကျနော်မျိုး ချက်ချင်းလာမတွေ့နိုင်တာ "
"ဘာလဲ အချစ်ဟောင်းနဲ့တွေ့လိုက်ရတော့ မပြီးနိုင်သေးတဲ့ဇာတ်လမ်းတွေထပ်ဆက်ချင်နေသေးတာလား"
" မဟုတ်ပါဘူးအရှင် ၊ သူနဲ့ကျနော်နဲ့ဘာမှမဆိုင်တော့ပါဘူး။ဒါကို အိမ်တော်က လူတိုင်းသိပါတယ်။"
"အဟက် ဘာနဲ့သက်သေပြမလဲ"
"သူလက်ထပ်တော့မှာပါ။ ဒါကြောင့် သူ့ကိုထပ်ပြီး ဒုက္ခမပေးပါနဲ့တော့အရှင်"
အရှင့်ရှေ့မှာ ခေါင်းငုံ့ကာ ပြောလိုက်သည်။
အရှင့်ရဲ့စူးရှတဲ့အကြည့်တွေကိုရင်မဆိုင်နိုင်လို့လဲပါတယ်။
ရုတ်တရက် လက်ကိုလှမ်းဆွဲလိုက်ကာ ကိုယ်ကိုဆွဲကပ်ပြီး
"မင်းအကောင် ဒုက္ခရောက်မှာကျကြောက်တယ်ပေါ့ဟတ်လား"
"ခုချိန်မှာမင်းကိုယ်မင်းပဲစိတ်ပူ.... အဟက်"
ခုတင်ပွေ့တင်ကာ ဆွဲလဲလိုက်တဲ့အရှင်ကြောင့် ဘယ်အခြေအနေကိုဦးတည်နေသလဲသူသိသည်။ ဒါပေမယ့်အရှင့်ကို သူမငြင်းရဲ။
အရှင်က ဒေါသထွက်ရင် သိပ်ကြောက်ဖို့ကောင်းတယ်။သူ့အကင်္ျီကို ဆွဲချွတ်လာတဲ့လက်တွေက ညင်သာမှုမရှိတာအမှန်။
သူ့ကိုမယုံတဲ့အရှင်ကို စိတ်ဆိုးချင်သည်။သူ့သိက္ခာကိုစော်ကားရကောင်းလားဆိုပြီး ထုရိုက်ပစ်ချင်သည်။ဒါပေမယ့် လက်တွေ့မှာတော့ အရှင့်ရင်ဘက်ကိုတွန်းလွှတ်မိတဲ့သူ့လက်တွေကို ဖိချုပ်ကာ အတင်းနမ်းနေတဲ့အရှင်ကြောင့် သူမောပန်းလာရသည်။