𝗖𝗵𝗼𝗶𝗰𝗲 - 𝗛𝗲𝗲𝗝𝗮𝗸𝗲

546 46 9
                                    

-------🎀-------

" ကျွန်တော်တို့မန်ဘာတွေအားလုံး ဒီနေ့လည်း အများကြီး တာဝန်ကျေခဲ့ပါတယ်။ ကောင်းကောင်းအနားယူလိုက်ကြပါဦး။ "

" အစ်ကိုတို့ရဲ့ခေါင်းဆောင်လေးလည်း ဒီနေ့ တကယ်ကို ပင်ပန်းသွားပါပြီ"

" Leader nim လည်း တာဝန်ကျေခဲ့ပါတယ်"

" ဂေ​ျာင်းဝန်းနီလည်း သေချာလေးအနားယူပါဦး"

ဟီဆွန်းမှစ၍ ဆောင်းဟွန်းနှင့် ဆောနူတို့၏ အသိအမှတ်ပြုစကားများကိုမူ သူတို့၏ခေါင်းဆောင်ပေါက်စလေးက ပြုံး၍သာ တုံ့ပြန်သည်။

ဖျော်ဖြေမှုအကြီးစားတစ်ခုရှိခဲ့တာမို့ သူတို့အားလုံးပင်ပန်းခဲ့ကြတာချင်းတူလျှင်တောင်မှ ခေါင်းဆောင်ပီပီ မန်ဘာအားလုံးကို ချီးကျူးစကားဆိုဖို့ မ​မေ့သည့် ဂျောင်ဝန်းနီက အသက်နဲ့မမျှအောင် ရင့်ကျက်သည့်ကလေးဖြစ်သည်။

အခုသူတို့က Kpop ၏အစဥ်အလာကြီးမားလှသည့် MAMA Award Show Special Stage ကနေ ​ဖျော်ဖြေပြီး ပြန်လာကြခြင်းဖြစ်သည်။ သူတို့၏ ကိုယ်ပိုင်သီချင်းတိုင်းက စည်းချက်အချိုးအကွေ့တွေများတတ်ပြီး အမြင့်သံတွေကိုလည်း လွတ်မသွားအောင်ကြိုးစားသီဆိုရသည့်အပြင် ကကွက်တွေကပါ အလွန်ပေါက်ကွဲထွက်ရသည့် ခက်ခဲသောအပိုင်းတွေချည်းမို့ အဖွဲ့ဝင်တိုင်းနီးပါးက အတော်လေးအားနည်းနေကြပြီဖြစ်သည်။ အားလုံး၏တူညီသော ရည်မှန်းချက်ကတော့ အ​ဆောင်ပြန်ရောက်တာနဲ့ ကိုယ့်အခန်းကိုယ်ဝင်ပြီး စိတ်ကြိုက်အိပ်ပစ်ရမည်ဆိုတာပင်။

" ဟီဆွန်းဟျောင်းလည်း ပင်ပန်းသွားပါပြီ။ အနားယူလိုက်ဦးနော်"

" ကောင်းပါပြီဗျာ။ ​​ေဟျာင်းတို့အငယ်လေးလည်း ဒီနေ့ dance break မှာ အကောင်းဆုံးလုပ်ခဲ့တာမို့ တာဝန်ကျေခဲ့ပါတယ်။ ဒါဆို ကောင်းကောင်းအိပ်​ေတာ့နော်"

" ဟုတ် ဂွတ်နိုက်ပါ ဟီဆွန်းဟျောင်း"

တစ်ယောက်ချင်းဆီ ကိုယ်ပိုင်အခန်းတွေထဲကို ဝင်သွားကြသည်ဖြစ်ရာ အငယ်ဆုံးေလးနီခီသည်လည်း ဟီဆွန်းကိုနှုတ်ဆက်လို့ သူ့ကိုယ်ပိုင်အခန်းလေးဆီဝင်သွားနှင့်ပြီဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Jun 26 ⏰

Add this story to your Library to get notified about new parts!

𝗦𝗜𝗠(𝗣) 𝗙𝗢𝗥 𝗬𝗨𝗡♡ | 𝗥𝗘𝗤𝗨𝗘𝗦𝗧𝗦 𝗔𝗥𝗘 𝗢𝗣𝗘𝗡Where stories live. Discover now