" ဒါဆိုမင်းပြောတာ Giyan ကဒီအိမ်ကထွက်သွားမယ်ပေါ့? "
" ဟုတ်တယ် သူအခု 19 ပြည့်ပြီဘဲ သူ college နဲ့နီးတဲ့ တိုက်ခန်းတစ်ခုမှာ ငှားနေလို့ရတယ်လေ "
" Giyan ဒီလိုလုပ်ဖို့မင်းအဆင်ပြေရဲ့လား? "
" ဟုတ်... ကျွန်တော်လဲတစ်ယောက်ထဲဘဲနေပြီး ကိုယ်ပိုင်အလုပ်လုပ်ချင်နေတာပါ "Hannah နဲ့ Lexus တို့နှစ်ယောက် Giyan တစ်ယောက်ထဲရပ်တည်နိုင်ရန် စီစဥ်ပေးနေကြသည်
Levi တစ်ယောက်တိတ်ဆိတ်နေရင်းသာ ~
" ဒါဆိုလဲ..အဲ့လိုဘဲလုပ်ရအောင်... Giyan ပြောင်းပြီးသွားရင်..Levi လဲပြောင်းလို့ရပြီ "
" အမ်..... " (Levi သူ့အဖေကိုကြည့်လျက်သာ)
*သူငါ့ကိုကြည့်တောင်မကြည့်ဘူးဘဲ...*
Levi ဆီမှ တုံ့ပြန်မှုတစ်ခုခု မျှော်လင့်နေမိသော Giyan ~~နောက်တစ်ရက်မှာတော့ Giyan တစ်ယောက်ထဲ
college နားက တိုက်ခန်းတစ်ခုဆီသို့ ပြောင်းသွားလေသည်" ဟ...ငါထောင်ထဲကနေလွတ်လာသလိုဘဲခံစားရတယ်... ပြီးတော့ တစ်ချိန်ထဲမှာဘဲ...ငါတစ်ခုခုပျောက်ဆုံးနေသလို..ခံစားရတယ် "
" ဘာဘဲဖြစ်ဖြစ်...စိတ်ထဲကထုတ်ထားတာကောင်းတယ်... "
"နောက်နေ့မှာတော့ ငါ Levi ကိုအရွယ်ရောက်ပြီးသား မိန်းမနှစ်ယောက်နဲ့ တွဲမြင်လိုက်ရတယ်"
"သူတို့ကဘယ်သူတွေလဲ...?"
Giyan ပက်သက်မှုကိုသိချင်တာကြောင့် အနားသို့ဖြေးဖြေးချင်း ချဥ်းကပ်လာခဲ့သည်
" ကျွန်တော့်ကိုတွေ့ဖို့ဘယ်တော့မှမလာခဲ့ပါနဲ့လို့ပြောထားတယ်မလား...ကျွန်တော်ခင်ဗျားကိုမုန်းတယ်..ဒါကြောင့် ထွက်သွားပါ.. "
Levi အမျိုးသမီးနှစ်ယောက်ကိုသူ့အနားမှ နှင်ထုတ်နေသည်ကို Giyan ကြားမိသည်
" သူတို့ကဘယ်သူတွေလဲ? " Giyan နံရံနောက်မှာကွယ်ကာ ခိုးနားထောင်နေခြင်းပင်။
သူတို့ငြင်းခုန်နေရင်း စကားအခြေအတင်ပြောဆိုနေကြသည်.. Levi ထိုအမျိုးသမီးနှစ်ယောက်အား မမြင်ချင်လောက်အောင်ပင် မုန်းတီးဒေါသထွက်နေဟန်တူသည်... ထို့နောက် သူ college ကနေ အလျင်အမြန်ပင် ထွက်သွားလေသည်
YOU ARE READING
အပြစ်ရှိသော 'ရမ္မက်'
Romance( warning contents 🔞 ) ရိုင်းစိုင်းသော စကားလုံးများပါဝင်တာကြောင့် မကြိုက်တဲ့သူဆို လုံးဝ ဝင်မဖတ်မိဖို့ အကြံပေးပါရစေဗျာ 🙏 Type - BL ( 18++ )