Giyan အခန်းအပြင်ဘက်တွင် Noah နဲ့တိုက်မိလေ၏... Levi ကလဲအနောက်မှပြေးလိုက်လာလေသည်
" ... မင်းကဘယ်သူလဲ? ... "
Levi , Giyan ကိုသူ့ဘက်ပြန်ဆွဲလိုက်ရင်း
စူးရှသောအကြည့်တို့ဖြင့်..Noah ကိုစိုက်ကြည့်ကာ မေးလိုက်ခြင်းပင်။" Levi.... " (Giyan တုန်လှုပ်လျက်)
" ဒါကငါမင်းချင်တဲ့မေးခွန်းဘဲ... မင်းကသူနဲ့ဘာလိုပက်သက်တာလဲ? "
Noah ကလဲ Levi ကိုအေးစက်စက်အကြည့်တို့ဖြင့် ပြန်ကြည့်ကာ မေးလိုက်၏
" ငါကသူရဲ့.... "
*သူ့ရဲ့ညီလား? ... မဟုတ်ဘူးငါကသူ့ညီမဟုတ်ဘူး?...ဒါဆို ငါကသူ့အတွက်ဘာလဲ? ... *Levi စကားဆုံးအောင်မပြောနိုင်ဘဲ သူ့ပြောချင်သော Giyan နှင့်ပက်သက်မှုကိုသာတွေးနေမိသည် ထိုစဥ် Giyan တစ်ယောက် Levi ဆီမှအဖြေကိုမျှော်လင့်တကြီးနားထောင်နေမိသည်
" .... " (Levi တိတ်ဆိတ်လျက်သာ)
*မင်းမှာဒီအတွက်အဖြေတောင်မရှိဘူးဘဲ..ငါကမင်းအတွက်ဘာလဲဆိုတာ...?....*
Giyan ဝမ်းနည်းမှု နာကျဥ်မှုတို့နှင့်အတူ....
" သူကငါ့ရဲ့ step brother ဘဲ Noah.. "
" ဟိုးးး ကြည့်ရတာနှစ်ယောက်ရန်ဖြစ်လာပုံဘဲ "
" ဟုတ်တယ်...နည်းနည်း... "
" သူကဘယ်သူလဲ? " (Levi အေးစက်စွာဖြင့်)
" သူကငါ့ရဲ့ကျောင်းတုန်းကသူငယ်ချင်း..
အိမ်နီးချင်းတွေဆိုလဲ ဟုတ်တယ် "*သူငါကိုမမှတ်မိဘူးလား?... Right group ရဲ့ Levi Wright...သူဘာလို့ဒီလိုလုပ်နေရတာလဲ?*
Noah အတွေးထဲတွင် Levi သူ့ကိုမမှတ်မိတာကြောင့် အံ့သြနေ၏ သူတို့နှစ်ယောက်ကြား ပက်သက်မှုတစ်ခုရှိခဲ့သည်မှာ အမှန်ပင်။
" ငါပြန်လိုက်ပို့ပေးမယ်... "
" ရတယ် ကိုယ့်ဟာကိုပြန်နိုင်တယ် "
" ငါအခုပြန်တော့မှာ...မင်းရဲ့ cafe ကိုပြန်မှာလား..Giyan...ငါလဲမင်းရဲ့ cafe ကိုရောက်ဖူးချင်လို့... "
" ရတယ်လေ..ဒါဆိုတူတူသွားကြမယ်.."
Giyan, Levi လိုက်ပို့ပေးရန်ကိုငြင်းဆိုလိုက်ပြီး
Noah နှင့်သာ cafe တူတူပြန်သွားရန်ချက်ချင်းသဘောတူလိုက်၏
YOU ARE READING
အပြစ်ရှိသော 'ရမ္မက်'
Romance( warning contents 🔞 ) ရိုင်းစိုင်းသော စကားလုံးများပါဝင်တာကြောင့် မကြိုက်တဲ့သူဆို လုံးဝ ဝင်မဖတ်မိဖို့ အကြံပေးပါရစေဗျာ 🙏 Type - BL ( 18++ )