Chapter - 11

513 26 0
                                    

ထိုမိသားစုစကားဝိုင်းတွင် Giyan ငြိမ်လျက်သာထိုင်နေခဲ့လေသည်
Family Dinner တွင်လဲ Levi အပေါ် Iris ဂရုစိုက်ပုံတွေကြောင့် သူစိတ်အနှောက်ယှက်ဖြစ်နေမိကာ အိမ်သာပြန်ချင်နေတော့သည်

After the family dinner ~

" Giyan..မင်းဒီမှာနည်းနည်းထပ်နေအုံးမယ်မလား? "

" မနေတော့ဘူးအမေ..ကျွန်တော်မနက်ကျဆိုင်
ဖွင့်ရအုံးမယ်ပြီးတော့ မနက်ဖြန် order တွေအတွက် ကိတ်မုန့်တွေဖုတ်ရအုံးမှာမို့လို့..
ကျွန်တော် ပြန်တော့မယ် "

Giyan သူမျှော်လင့်ထားသော အိမ်ပြန်ချိန်လေးသို့ရောက်ရှိလာခဲ့ပြီ ~

" ဟိုးး ဟုတ်သားဘဲ...အလုပ်အရမ်းမကြိုးစားပါနဲ့ Giyan... ကိုယ့်ကိုကိုယ်အတွက်အချိန်ပေးပါ..
တစ်ယောက်ယောက်နဲ့ date ပြီး နေသားကျအောင်နေပါ.. "

" ဟုတ်..ကျွန်တော်နောက်ကျအဲ့လိုလုပ်ဖို့ ကြိုးစားကြည့်ပါမယ် Lexus "

Giyan ပြုံးလျက်ပင် Lexus ၏ ဂရုဏာစကားကိုတုံ့ပြန်လိုက်သည်
နှုတ်ဆက်စကားပြောကာ အပြင်သို့ခပ်မြန်မြန်ပင် ထွက်လာခဲ့၏ သူတစ်စက္ကန့်လေးတောင် မနေချင်တော့ပေ။

" မင်းဒီလောက်တောင်မြန်မြန်ပြန်ချင်နေတာလား? "

" ဟုတ်တယ်..ငါမနက်ဖြန် အလုပ်ရှိတယ်.. "

" မင်း ဒီလိုဆံပင်အရှည်လေးနဲ့... ကြည့်လို့လှတာဘဲ "

" အင်း..ကျေးဇူးပါ..မင်းလဲကြည့်ကောင်းလာပါတယ် "
(*ငါ့ကိုစကားပြောနေတာတော်လိုက်ပါတော့!! )

" ငါ့ရဲ့ပုံစံအသစ်ကို မင်းကြိုက်လား? "

" အမ်....အင်း.. "

" မင်းအခုချိန်ထိ? "

" ခုချိန်ထိ gay တစ်ယောက်ဘဲ ... အဲ့ဒါက အပြင်ပန်းပုံလိုမျိုး ပြောင်းလဲလို့မရဘူးလေ..ပြီးတော့ ငါ ကောင်လေးရနေပြီမို့...ပျော်နေပါတယ်.. "

Giyan ပြုံးလျက် Levi အမေးကိုတုံ့ပြန်လိုက်ခြင်းပင်။

" မင်းကောင်လေးရနေပြီလား? "

" အင်း..သူ့နာမည်က Simon လေ..သူက drama actor တစ်ယောက် ပြီးတော့ ငါ့ cafe မှာလဲကူညီပေးနေတယ်လေ.. "

အပြစ်ရှိသော 'ရမ္မက်' Where stories live. Discover now