* အဲ့တုန်းက...ငါအရမ်းသူ့ကိုချစ်မိသွားခဲ့တယ်...ဒါပေမဲ့ senior နဲ့ သူ့ ရဲ့ဆက်ဆံရေးကိုငါရှာတွေ့ပြီးနောက်မှာ ငါအရှုံးပေးဖို့စဥ်းစားခဲ့တယ်
...ဘာလို့ဆို ငါကြောက်ခဲ့တာကြောင့်.. အထက်
တန်းကျောင်းပြီးတဲ့နောက်မှာ ငါနိုင်ငံခြားမှာ ကျောင်းတတ်ဖို့အတွက် စီစဥ်ခဲ့တယ်... ** ဟားး အခုသူ့ကို single အနေနဲ့မြင်ရတာကောင်းလိုက်တာ ... ငါသူ့ကိုတကယ်ထိတွေ့ချင်တယ်... အရမ်းနူးညံ့မှာဘဲ *
Noah အတွေးလွန်နေစဥ် Giyan ထွက်လာကာ လမ်းလျှောက်ရန် အတူတူတိုက်ခန်းအောက်သို့ဆင်းလာခဲ့လေသည်
ထို့နောက် ရေခဲမုန့်တူတူဝယ်ကြကာ...ပန်းခြံနားကခုံတန်းရှည်လေးတွင် တူတူထိုင်ကြ၏" မင်းအလုပ်ကဘယ်လိုလဲ? "
" Giyan...ငါမင်းကိုတစ်ခုလောက်မေးလို့ရမလား? "
" အင်း..မေးး.. "
" Giyan....ငါ..... "
(*ငါထပ်မစောင့်ချင်တော့ဘူး....တကယ်လို့ငါထပ်စောင့်နေရင်..တစ်စုံတစ်ယောက်ကမင်းကိုလုယူသွားလိမ့်မယ်...ငါ့တစ်ဘဝလုံးတစ်ယောက်မင်းကိုလိုချင်တယ်....)Noah ထို့သို့တွေးရင်းပင် သူခံစားချက်အားလုံးကို Giyan ကိုပြောပြရန်ဆုံးဖြတ်လိုက်သည်
" အမ်... "
" ငါက gay တစ်ယောက်ပါ... "
Noah ပြောလိုက်သောတစ်ချိန်ထဲမှာပင် Giyan ဖုန်းသံမြည်လာခဲ့သည်
*Levi?* " ... ခဏလေးနော် Noah... "
*အမ်? ... သူငါပြောတာကြားလိုက်ရဲ့လား?...ဘယ်ကကောင်ဆက်တာလဲကွာ..😑*
" Hello....ဘာလို့ဆက်တာလဲ? "
Giyan ဖုန်းကိုင်ကာ Noah နှင့် ခပ်လှမ်းလှမ်းသို့ လျှောက်လာခဲ့သည်
" အရမ်းကိုအေးစက်စက်လေသံဘဲ "
" ဒီတိုင်းပြောချင်တာသာပြောပါ...💢 "
" cake...ငါမင်းပို့လိုက်တဲ့ cake design တွေတွေ့တယ်...ငါ တတိယတစ်ခုကိုကြိုက်တယ်...အဲ့ဒါလုပ်ပေးပါ "
"ဒါဘဲလား...မင်းအခုဖုန်းခေါ်တာဒါပြောဖို့လား.."
" နောက်တစ်ခုကျန်သေးတယ် "
" ဘာလဲ? "
" ငါမင်းကိုတွေ့ချင်တယ်...ငါတို့မနက်ဖြန်တွေ့လို့ရမလား? "
YOU ARE READING
အပြစ်ရှိသော 'ရမ္မက်'
Romance( warning contents 🔞 ) ရိုင်းစိုင်းသော စကားလုံးများပါဝင်တာကြောင့် မကြိုက်တဲ့သူဆို လုံးဝ ဝင်မဖတ်မိဖို့ အကြံပေးပါရစေဗျာ 🙏 Type - BL ( 18++ )