Chapter - 20

275 11 0
                                    

Giyan သူ့​ခြေထောက်နှစ်ဖက်ကို အားယူကာ ကြိုးစားထလိုက်သည် ထို့နောက်မျက်ရည်စတစ်ချို့ကိုသုတ်ကာ အဝတ်အစားပြင်၍ Levi နှင့်ခပ်လှမ်းလှမ်းမှနေကာ အောက်ထပ်သို့ဆင်းလာခဲ့ကြသည် ။

အောက်ထပ်တွင် ဧည့်သည်များတော်တော်များပြားနေလေပြီ
Lexus လဲရှန်ပိန်တစ်ခွက်ကိုကိုင်ကာ စီးပွားရေးအသိမိတ်ဆွေတစ်ချို့နှင့် နှုတ်ဆက်နေ၏

Lexus နဲ့ Hannah တို့နားသို့ Levi နှင့် Giyan ကပ်သွားလိုက်သည် ထိုအချိန် ခန်းမတံခါးအဝင်ဝ၌ တစ်စုံတယောက်ရောက်လာကာ လူတစ်ချို့၏အကြည့်များ ထိုဝင်လာသောအမျိုးသမီးအပေါ်သို့ အာရုံစိုက်သွားကြ၏

" အမ်..Levi အမေနဲ့ သူ့ partner?.. "

Giyan မြင်မြင်ချင်း ချက်ချင်းမှတ်မိကာ အံ့သြရေရွတ်လိုက်ခြင်းပင်

" အဲ့တာ Levi အမေနဲ့ သူ့ partner မလား?
သူ ဖိတ်ထားတာလား? .. မဖြစ်နိုင်ဘူး...
Lexus သူ?? ... Levi မြင်ရင်တော့ဘယ်လိုဖြစ်မလဲ... "

Giyan စိုးရိမ်ဟန်ဖြင့် Levi ကိုလှမ်းကြည့်လိုက်၏

" အဖေ ဘာလို့ဖိတ်လိုက်တာလဲ?? "

Giyan ထင်သည့်အတိုင်း Levi ဒေါသတကြီးဖြင့် Lexus အားစိုက်ကြည့်လျက်မေးနေ၏

" ကောင်းပြီ Levi...သူမကမင်းအမေဘဲလေ..
ပြီးခဲ့တာတွေမေ့လိုက်ပြီး ..အနာဂတ်မှာဘဲအဆင်ပြေအောင်နေသွားကြရအောင်.. "

" မလုပ်ဘူး...ဒီတိုင်းးမလုပ်နိုင်ဘူး!? "

Levi ဒေါသဖြင့်သူ့အဖေကိုပြောကာ လသာဆောင်သို့ ထွက်သွားခဲ့လိုက်သည်

" ကျွန်မသူ့အနောက်ကိုလိုက်သွားပြီး စိတ်လျော့ခိုင်းလိုက်ပါ့မယ် "

Iris က Lexus ကိုခွင့်တောင်းလိုက်၏

" မလိုက်နဲ့ Iris...မင်း Susan နဲ့ သူ့ partner ကိုနှုတ်ဆက်သင့်တယ်...သူပြန်လာမှာပါ "

" ဟုတ်တယ် Iris...လာပြီးနှုတ်ဆက်လိုက်ပါ "

အခြေအနေကိုစောင့်ကြည့်နေသော Giyan က Levi နောက်သို့ လိုက်သွားလေသည်

" Lexus မတွေ့တာကြာပြီ "

" Susan..ဘယ်လိုလဲ?.. Naomi မင်းကိုဒီမှာတွေ့ရတာဝမ်းသာပါတယ်.. "

အပြစ်ရှိသော 'ရမ္မက်' Where stories live. Discover now